etoneNovember 19, 20101min1014
(၇)ကြိမ်မြောက် miss X’mas ရွေးခြယ်ပွဲကို လာမဲ့ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ရန်ကုန်မြို့ရှိကုန်သည်ကြီးများ ဟိုတယ်(ထရိတ်ဒါး)၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည် ။ ပထမဆု၊ဒုတိယဆု နှင့်တတိယဆုများရွေးခြယ်သွားမှာဖြစ်ပြီး ပထမဆုအတွက် ငွေကျပ်ဆယ်သိန်းဖိုးနှင့်ညီမျှသော ပစ္စည်း+ငွေသား ၊ ဒုတိယဆိုအတွက် ငွေကျပ်ငါးသိန်းဖိုးနှင့်ညီမျှသော ပစ္စည်း+ငွေသား နှင့်တတိယ ဆုအတွက် ငွေကျပ်သုံးသိန်းဖိုးနှင့်ညီမျှသော ပစ္စည်း+ငွေသားတို့ဆုအဖြစ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည် ။ ပြိုင်ပွဲဝင်လိုသူများသည် Myanmar model management တွင် ပြိုင်ပွဲဝင်လျှောက်လွှာတင်နိုင်ပြီး ဒီဇင်ဘာ (၁၆)ရက်နေ့အထိလျှောက်လွှာလက်ခံကြောင်းလည်း သတင်းရရှိသည် ။ လူဦးရေ သုံးဆယ်ကို ဆကာတင်ရွေးခြယ်မှာဖြစ်ပြီး ဒီဇင်ဘာ (၁၆)မှ (၂၂)ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။