တစ်သံသရာမှာ….တစ်ခါပဲရမယ်။။ ကျုပ်တို့လူသားတွေ လူ့လောကကြီးထဲကိုလူရယ် လို့ အမိဝမ်းခေါင်းကို ခြေစုံကန်ထွက်လာကထဲက လူလောက လူဘဝ မှာ လူလူသူသူလျှောက်လှမ်းနိုင်ဘို့ ကောင်းမွန်မှန်ကန်တဲ့  “အဆုံအမ” တော့လိုအပ်မှာအမှန်ပါပဲ …ဆရာက တပည့်ကိုဆုံးမ တာ ဝါဒရှိသူက ဝါဒမဲ့သူကိုဆုံးတာ  ပညာရှိသူကပညာမဲ့သူကိုဆုံးမတာ မိဘက သားသမီးကိုဆုံးမတာ အဆုံအမတွေ အမျိုး မျိုး ရှိကြပါတယ်။။ အဆုံအမ မရှိတဲ့ လူ အဆုံးအမ မခံယူဘူးတဲ့သူ အနည်းဆုံး အယူဝါဒတစ်ခုခု ကိုမျှ သက်ဝင်ယုံကြည်မှုမရှိ တဲ့သူရဲ့ စိတ်သဏ္ဌာန်ဟာ အဝိဇ္ဇာ ဖုံးလွှမ်းပြီး အယူအဆ အတွေးအကြံများဟာ ကောင်းတာလဲရှိနေတတ်သလို မကောင်း တာများလဲ တွေကြံနိုင်ပါတယ် အဆုံးအမ မရှိခြင်းကြောင့် အကြောင်းအကျိုး အမှားအမှန်ကို မသိပဲ တွေးကြံ ပြောဆို လုပ်ကိုင် ကာ နေတတ်ပါတယ် ။။..ဘယ်လိုပုဂ္ဂိုလ် […]