Swal Taw YwetAugust 20, 201311min156622
နတ်ပြည်က သကြားမင်းရဲ့ FB ကတဆင့် ဆရာမင်းလူရဲ့ နောက်ဆုံးခရီး အချိန်စာရင်းကို သိလိုက်ရတယ် တနင်္ဂနွေနေ့အတွက် စီစဉ်ထားပြီးသားကိစ္စတွေကို အပြောင်းအလဲလုပ်ပြီး လိုက်ပါပို့ဆောင်ဖို့ စီစဉ်လိုက်ရတယ်။ တနင်္ဂနွေနေ့ ဆင်ရေတွင်းကနေ စထွက်တော့ နေ့လည် ၁၂ နာရီခွဲလောက် ကားပိတ်နေတဲ့အချိန်မို့ အိမ်ပေါ်က ဆင်းတာနဲ့ အိမ်ရှေ့မှာရောက်နေတဲ့ ၄၈ အထူးယာဉ်နဲ့ တာမွေကိုလိုက်သွားလိုက်တယ်။ လှည်းတန်းမီးပွိုင့်မှာတင် ၁ဝ မိနစ်ကျော် စောင့်လိုက်ရတာမို့ မှီမှမှီပါ့မလားဆိုပြီး ဘုရားတ ဆုတွေတောင်းခဲ့ရသဗျ။ သင်္ကန်းကျွန်းအသင်းတိုက်မှတ်တိုင်ရောက်အောင် ဘယ်လိုသွားရမယ်မှန်း တိတိကျကျ မသိသေးပါ။ တာမွေရောက်မှ မေးမြန်းပြီး ခရီးဆက်မယ်ပေါ့လေ.. နေ့လယ် ၁ နာရီလောက် တာမွေဗလီမှတ်တိုင်ကို ရောက်တယ်။ စပယ်ယာတွေကို မေး…မေးပြီး အသင်းတိုက်မှတ်တိုင်ကိုရောက်တယ် ဆိုတဲ့ကား တက်စီးလိုက်ရတော့တာ ၁ နာရီမခွဲခင် ဆရာမင်းလူရဲ့ အိမ် အနားက […]