ဆရာမင်းလူ နောက်ဆုံးခရီး ဓါတ်ပုံမှတ်တမ်း ( စ-ဆုံး ) Updated
နတ်ပြည်က သကြားမင်းရဲ့ FB ကတဆင့် ဆရာမင်းလူရဲ့ နောက်ဆုံးခရီး အချိန်စာရင်းကို သိလိုက်ရတယ် တနင်္ဂနွေနေ့အတွက် စီစဉ်ထားပြီးသားကိစ္စတွေကို အပြောင်းအလဲလုပ်ပြီး လိုက်ပါပို့ဆောင်ဖို့ စီစဉ်လိုက်ရတယ်။ တနင်္ဂနွေနေ့ ဆင်ရေတွင်းကနေ စထွက်တော့ နေ့လည် ၁၂ နာရီခွဲလောက် ကားပိတ်နေတဲ့အချိန်မို့ အိမ်ပေါ်က ဆင်းတာနဲ့ အိမ်ရှေ့မှာရောက်နေတဲ့ ၄၈ အထူးယာဉ်နဲ့ တာမွေကိုလိုက်သွားလိုက်တယ်။ လှည်းတန်းမီးပွိုင့်မှာတင် ၁ဝ မိနစ်ကျော် စောင့်လိုက်ရတာမို့ မှီမှမှီပါ့မလားဆိုပြီး ဘုရားတ ဆုတွေတောင်းခဲ့ရသဗျ။ သင်္ကန်းကျွန်းအသင်းတိုက်မှတ်တိုင်ရောက်အောင် ဘယ်လိုသွားရမယ်မှန်း တိတိကျကျ မသိသေးပါ။ တာမွေရောက်မှ မေးမြန်းပြီး ခရီးဆက်မယ်ပေါ့လေ..
နေ့လယ် ၁ နာရီလောက် တာမွေဗလီမှတ်တိုင်ကို ရောက်တယ်။ စပယ်ယာတွေကို မေး…မေးပြီး အသင်းတိုက်မှတ်တိုင်ကိုရောက်တယ် ဆိုတဲ့ကား တက်စီးလိုက်ရတော့တာ ၁ နာရီမခွဲခင် ဆရာမင်းလူရဲ့ အိမ် အနားက အသင်းတိုက်မှတ်တိုင်ကို ရောက်သွားသဗျ။ ကဲ… ကဲ.. ဓါတ်ပုံမှတ်တမ်းလေးမှာ ဆက်လက်ရှုစားပါတော့နော်…






နာရေးမှာကမ်းပေးတဲ့ ပလပ်စတစ်အိတ်လေးထဲမှာ ဥူးသုမင်္ဂလရေးတဲ့ “အမြန်နှုတ်လိုက်ပါ” တရားစာအုပ်၊ ဇာတ်လမ်းမင်းလူ၊ သရုပ်ဖေါ် Mr. BURMA ရဲ့ “ဘာတွေဖြစ်ကုန်ကြပြီလဲ” ကာတွန်းစာအုပ်၊ ယပ်တောင်တစ်ချောင်း၊ မင်းလူ၏ ဘဝနှင့် စာပေမှတ်တမ်း၊ ဓမ္မဒါန အလှူရှင် ဦးဉာဏ်ပေါ် (မင်းလူ)၏ ကောင်းမှုဖြစ်တဲ့ “ကွယ်လွန်သူအတွက် ကုသိုလ်ပြုနည်း” ဓမ္မစာအုပ်ငယ် တို့နှင့်အတူ ဆရာမောင်ဆေးနီမှုန့်တစ်ထုပ် ပါဝင်ပါတယ်။
နေ့လည် ၂ နာရီမှာ လိုက်ပါပို့ဆောင်မည့် ယာဉ်တန်း စထွက်ပါတယ်။ စွယ်တော်ရွက် လိုက်ပါခွင့်ရတဲ့ကားက ရှေ့ဆုံးကပါ။ ကားပေါ်မှာ ဂျာနယ်လစ်တွေပါလာပါတယ်။ ပြောင်းအကြီးနဲ့ ကင်မရာတွေနဲ့ သူတို့အချင်းချင်း ပြောနေတဲ့စကားတွေအရ ဂျာနယ်လစ်တွေမှန်းသိရတာပါ။ လူငယ်လေးတွေများပါတယ်။ တက်လူတွေပေါ့ခင်ဗျာ။ ၂း၃၅ နာရီမှာ ရေဝေးကိုရောက်ပါတယ်။ ကျနော်တို့ အရင်ဆုံးရောက်တာလို့ ယူဆမိခဲ့တာ ပြင်ဆင်ထားတဲ့ခန်းမထဲရောက်မှ မှားမှန်းသိရတော့တာပါပဲ…
(ခန်းမအဝင်မှာ ဆရာ့ရဲ့လက်ရာ “ဘာတွေဖြစ်ကုန်ပြီလဲ” ကဗျာရှည် ၁၊၂၊၃ ကိုဝေငှပါတယ်။ ကျနော်မသိခဲ့တဲ့ ဆရာ့ နိုင်ငံရေးလှုပ်ရှားမှုပါ။ FB မှာ ပြန့်နေတာမို့ မတင်တော့ပါဘူးနော..)
ကြည့်ပါဦးလေ…


( ဆရာ့ရုပ်အလောင်းကို ဓါတ်ပုံမရိုက်ရက်လို့ မရိုက်ခဲ့တာကိုတော့ ခွင့်လွှတ်ပေးပါဗျာ )










ညနေ ၃ နာရီမှာ မိုးတွေ သည်းထန်စွာရွာချပါတယ်၊ ခဏပါဘဲ၊ ၃းဝ၃ မှာ နာရေးကူညီမှု အသင်းဝင်တွေက ဆရာ့ကိုဝန်းရံပြီး သံဝေဂလင်္ကာတွေ ရွတ်ဆိုခဲ့ကြပါတယ်။ဆရာ့နောက်ဆုံးခရီး အချိန် နီးကပ်လို့လာခဲ့ပါပြီ။



ဒါပေမယ့် ပို့ဆောင်မှု ဆက်မလုပ်ဖြစ်ပါဘူး မီးသင်္ဂြ ိုလ်ရန် သတ်မှတ်ထားချိန်က ညနေ ၄ နာရီမှပါ၊ ခဏစောင့်နေရဦးမှာမို့ ပန်းချီကားတွေကို မှတ်တမ်းတင်ခွင့်ရလိုက်ပါတယ်။














ဓါတ်ပုံဘာကြောင့်ဝါးသွားတာလဲ သိလိုက်ရပြီ၊ ကျနော့်မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လာခဲ့လို့ပါ၊ ခွင့်လွှတ်ပေးပါခင်ဗျာ။


ဆရာမင်းလူ ကောင်းရာဘုံဘဝရောက်မယ်ဆိုတာ ယုံကြည်နေပါတယ်၊
ဆရာ့သမိုင်းကို ကောင်းကောင်းရေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်ဆရာ။
ကျနော်တို့လည်း ကြိုးစားပါ့မယ်၊
စာပေသစ္စာပါခင်ဗျ။
ဆရာ့ သမိုင်းလေး ထပ်ဖြည့်ပေးလိုက်ပါရစေဦးနော်။





စာရှုသူအပေါင်းကျေနပ်လိမ့်မယ်ထင်ပါတယ်။
With respect,
Swal Taw Ywet.
22 comments
ဦးကျောက်ခဲ
August 20, 2013 at 1:11 pm
ဝမ်းနည်းစရာကောင်းလှတဲ့ ဆရာ(ဦး)မင်းလူရဲ့ ဈာပနမှတ်တမ်းကို…
စိတ်မကောင်းချင်းကြီးစွာနဲ့ဖတ်လာတာ၊ မီးခိုးတွေတက်သွားတာ မြင်လိုက်ရတော့…
ရင်ထဲမှာ အကြီးအကျယ် ဆုံးရှုံးသွားမှန်း သိလိုက်ရတယ်…
ကောင်းရာသုကတိမှာ ရှေ့ကသွားနှင့်လေသူ နောင်တော် ညီဘွားတွေနဲ့…
ငြိမ်းချမ်းသာယာ ပျော်ရွှင်နိုင်ပါစေ ဆရာ(ဦး)မင်းလူ…
Min Zarni
August 20, 2013 at 1:24 pm
ကျေးဇူး အများကြီး .. တင်ပါတယ်ဗျ..
nozomi
August 20, 2013 at 1:38 pm
ဆရာမင်းလူ ချစ်သူတွေ အတွက် အမှတ်တရ ဓါတ်ပုံ မှတ်တမ်းလေးအတွက် ရော
စီကာစဉ်ကာ ပြောပြသွားတဲ့ အတွေးလေး အတွက်ရော ကျေးဇူးတင်ပါတယ် ခင်ဗျ
အခုချိန်ဆို ကျွန်တော်တို့က ဝမ်းနည်း စိတ်မကောင်းဖြစ်နေရပေမဲ့
ဆရာရောက်သွားတဲ့ ဘုံဘဝက သူတွေကတော့ ပြုံပျော်နေမှာ အသေအချာပါပဲ
GARFIELD
August 20, 2013 at 1:54 pm
ကျွန်တော်သိပ်ကြိုက်တဲ့… တွေးတတ်သူ… ရေးတတ်သူတစ်ယောက်တော့…
ကျွန်တော်တို့နဲ့ဝေးရာကို မလှည့်တန်းပြန်သွားရှာလေပြီ…
ဝမ်းနည်းစွာဖြင့်…
ဂါဂါးကြီး
Mr. MarGa
August 20, 2013 at 1:57 pm
ဒီပုံတွေကို မနေ့ကတည်းက မျှော်နေတာဗျာ…
အဲဒီနေ့ကဆို တစ်နေ့လုံး တွေးနေတာ
ပုံတွေ အားလုံးကို ကူးသွားတယ်ဗျာ
အောက်ကို ရောက်လေ မျက်ရည်ဝဲလေ ဖြစ်လာတာကိုတော့ ခွင့်လွှတ်ကြပါ…..
kyeemite
August 20, 2013 at 2:05 pm
ကိုစွယ်တော်ရေ…ရုပ်ရှင်ရိုက်ပြသလို ကိုပြည့်စုံနေလို့
ကိုယ်တိုင်လိုက်ပို့ဖြစ်သလိုခံစားရပါတယ်…
ဆရာမင်းလူ ကောင်းရာဘုံဘဝ ရောက်မှာပါ…
ကိုပေါက်(မန္တလေး)
August 20, 2013 at 2:20 pm
အောက်လုံးတွေမပါတဲ့ အဆင့်ရှိရှိသရော်စာတွေမဖတ်ရတော့တာ အသေအချာပါဘဲ။
ကျနော်နှစ်သက်အားကျတဲ့ဆရာတစ်ဦးပါဘဲ။
kai
August 20, 2013 at 3:04 pm
ဆုံးတာတွေစုံသွားသမို့..
အငိုအပြုံးတွေ ထုံသွားခဲ့ပြီ…
အင်း..
လင်းလှကျန်ရစ်ခဲ့ပါတယ်လေ…
ဝင်းပသူတို့ချန်ပစ်ခဲ့တဲ့သမိုင်း…။
Min Zarni
August 20, 2013 at 4:38 pm
ဒီ ကဗျာကို. မ- သွားဘာဘီ. ငိငိ
Mr. MarGa
August 20, 2013 at 6:20 pm
ပြခန်းအတွက် ဆွဲသွင်းလိုက်တော့မယ်နော်….
Ma Ma
August 21, 2013 at 10:01 am
လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးတာမို့ (ဆရာ)မင်းလူအနေနဲ့ သမိုင်းလှလှ ချန်ရစ်ခဲ့နိုင်တာမို့ ဂုဏ်ယူအားကျမိပါတယ်။
စကားအတင်းစပ်….
ကဗျာပြခန်းအတွက် သဂျီးကိုလည်း ဓားပြတိုက်သင့်တယ်။ 😛
TNA
August 20, 2013 at 3:09 pm
ပုံတွေကြည့်ပီး မျက်ရည်တောင်ဝဲလာခဲ့ရပါတယ်။ အသေးစိတ်တင်ထားတဲ့ပုံတွေကြည့်ပြီး ကိုယ်တိုင်လိုက်ပို့လိုက်ရသလို ပဲခံစားလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ် ကိုစွယ်တော်ရွက်ရေ
Yin Nyine Nway
August 20, 2013 at 4:37 pm
ကြည့်ရင်းနဲ့ စိတ်ထဲတောင်မကောင်းဘူး
တကယ့် ရသမြောက်တဲ့ ဟာသ တွေမဖတ်ရတော့ဘူး
နမျောစရာကောင်းတယ်
koyinmaung
August 20, 2013 at 6:25 pm
နှမျောတသမိပါတယ်…
ကောင်ရာဘုဘဝရောက်မဲ့သူတွေပါ….
ဆရာမင်းလူရဲ့နောက်ဆုံးခရီးဓါတ်ပုံတွေတင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် ကိုစွယ်တော်ရွက်ရေ…………
အလင်းဆက်
August 20, 2013 at 7:00 pm
ဆရာမင်းလူရေ….
သွားပေဦးတော့…
ကျွန်တော်တို ့လွမ်းရင်းကျန်ခဲ့ ရင်းးးး
ကျွန်တော် ့အလှည့် ဘယ်တော့လဲ…..
မရဏဖွား
August 21, 2013 at 2:56 am
(လွမ်း) လို့ကျန်ရစ်ခဲ့မဲ့သူတွေကိုအားမနာဘူးလားဦးမင်းလူရယ်။
chit linn ein
August 21, 2013 at 3:02 am
ဒဲ့……သမားတွေကျမှကွာ
သေမင်းရယ်…………………………………………………………………။
ခင် ခ
August 21, 2013 at 1:44 pm
သေမင်းက မရဏတိုင်းပြည်ကြီး ပျက်မှာကြောက်လို့ ဆိုးတဲ့သူတွေကို အလျင်စလိုခေါ်ဘူးတဲ့ဗျ။
မဟာရာဇာ အံစာတုံး
August 23, 2013 at 10:21 am
ဦးစွယ်တော်ရွက်ရေ …
တစ်စုံတစ်ခုသော ရင်သို့ ခံစားမှုနဲ့
ဆရာမင်းလူရဲ့ နောက်ဆုံးခရီးပုံတွေကို
ကြည့်သွားပါတယ်ဗျို့ …
Ma Ei
August 23, 2013 at 10:55 am
ဆရာမင်းလူရဲ့နောက်ဆုံးခရီး
မပို့ဆောင်ခဲ့ရသူများအတွက် မျှဝေပေးတဲ့
ပြည့်ပြည့် စုံစုံ မှတ်တမ်းတင်၊သမိုင်းဝင် ပို့စ်လေးတစ်ပုဒ် ကို
ကြည့်ခွင့်ရခဲ့ပါတယ်…
စိတ်မကောင်းဖြစ်ရပါတယ်…
marblecommet
August 24, 2013 at 3:21 am
ဆရာစွယ်တော်ရွက်ခင်ဗျား
ကျနော် ဆရာမင်းလူရဲ့ အသုဘကို လိုက်ပို့ဖို့
အားခဲ့ထားတဲ့ပေမဲ့
မပို့ဖြစ်ခဲ့ပါဘူးဗျာ
ဘာဖြစ်ဖြစ် ဆရာ့ရဲ့ နောက်ဆုံးခရီးကို
မှတ်တမ်းပြုပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ဗျာ…..ဆရာမင်းလူဆုံးသွားလို့
နမြောဝမ်းနည်းတာတော့ ပြောနေစရာတောင်မလိုပါဘူးခင်ဗျာ……..
Swal Taw Ywet
August 30, 2013 at 12:41 pm
မန်းဂဇက်မှာ မှတ်တမ်းတင်ခွင့်ရခဲ့တာကျေးဇူးပါဗျာ။
ဆရာ့စာတွေကိုချစ်၊ ဆရာ့ကိုကြည်ညိုတဲ့ ရွာသူားတွေအတွက် တတ်နိုင်သလောက်လေးလုပ်ပေးတာပါ။
ရွာသူားတွေအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
ရွာထဲကိုလည်း အလွယ်တကူ ဝင်လည်လို့ရကြပါစေ။
With respect,
Swal Taw Ywet.