Best Teacher (9) ဆရာမ အတွက် သစ်ခွပန်းတစ်ပွင့် ဒီ တစ်ခါရေးချင်တာကတော့ ၁၉၆၄ ခုနှစ် (မဂ္ဂဇင်းအမည် မမှတ်မိတော့) တုန်းက ဆရာ မောင်စွမ်းရည် ရေးခဲ့တဲ့ ကဗျာလေး ကို ခံစားမိတာပါ။ တပည့်ငယ်၏ နောင်ရေး ကျက်စာတွေ မင်းမကျက်ပါလ ကျက်ပါလဲ ညက်စွာမရပါဘူး ခက်ပါလှ တပည့်ရယ်။ ဆရာစိတ်မောပါဘိ ငေါက်သောအခါမျက်ရည်လည်လို့ ရိုက်မည်ရွယ် မျက်ရည်ကျလို့ မင်း ဘာကြောင့် ညံ့လေတယ် ဆရာမေးပြန်တော့။ တပည့်လေးအဖြေထွက်တာက နံနက် ဆိုစောစွာထပေမဲ့ သူများလို အချိန်ပိုမရပါဘု လင်းစမှာ ရေကိုရောင်းလို့။ ကျောင်းဆင်းချိန် ထင်းလည်ခွဲပါရ ပဲတစ်လည်မယ် ဆန်တစ်ဆုပ် အတွက် အလုပ်ရှုပ်လို့ စာမကျက်သာတယ် ခက်ပါတယ် ဆရာရဲ ့ ဝမ်းစာခင်း..တဲ့။ ဪ .. […]