lu ta loneApril 30, 20101min1453
သာဂဒိုး (၁၉၂၆-) ၁၉၂၆ – ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ဒါးကကြိမ်ချောင်း၊ ဖျာတန်းရွာ၌ အဖ-ဦးဆိုင်၊ အမိ-ဒေါ်မေညွန့်တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးတင်စိုးဖြစ်သည်။ ၁၉၂ရ – တစ်နှစ်သားအရွယ်တွင် မိဖများကွယ်လွန်သွားသဖြင့် မိဘမဲ့ဖြစ်ခဲ့ရ။ ဒုက္ခရောက်ခဲ့သည်။ ဦးလေး၊ အဒေါ်တို့၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရ။ ဘုန်းကြီးကျောင်းတွင် စာသင်ခဲ့ရသည်။ ၁၉၃၆ – ၃၈ – (၁၀)နှစ်သားအရွယ်ကပင် ဘဝဝမ်းရေးအတွက် လှေလုပ်သားအဖြစ် လှေလိုက်ခဲ့ရသည်။ လှေ လိုက်ရင်းဖြင့် စာအုပ်ဟောင်းရောင်းသော လှေများနှင့်ပေါင်းမိကာ စာအုပ်များဖတ်ခဲ့ရသည်။ ထိုသို့ စာဖတ်ခွင့် ကြုံပြီး စာအုပ်များဖတ်ခဲ့ရာမှ စာပိုမိုတတ်ချင်၊ စာရေးချင်စိတ်များ ဖြစ်လာခဲ့ရသည်။ စာရေးဆရာလုပ်လျှင် ထမင်း ငတ်မည်ဟု ကြားဖူးသဖြင့် ထမင်းမငတ်စေရန် အိမ်ဆောက်၊ အိမ်မိုး၊ လက်သမားအတတ်၊ ထွန်ထယ် […]