winkyawaungFebruary 12, 20121min1534
မကွေးတိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး( ဆိပ်ဖြူမြို့နယ်) မှ ဖိတ်ကြားချက်အရ ၄-၂-၂၀၁၂ နေ့ နံနက်(၁ဝး၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံသို့ စာရေးသူ သွားရောက်ခဲ့ ပါသည်။ ယင်းဓမ္မာရုံတွင်း၌ မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး နှင့် မြေယာများကို မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီမှ မတရားသဖြင့် အသိမ်းခံထားရ၍ ပြန်လည်ရယူလိုကြသော မူလမြေပိုင်ရှင်များ (၂၃)ဦး တို့ တိုင်ပင်ဆွေးနွေးနေကြသည်ကို သတင်းရယူခဲ့ပါသည်။ စုစုပေါင်းအသိမ်းခံထားရသော မြေဧကမှာ(၃ဝ ဧက) ခန့်ဟုသိရပါသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မူလမြေယာပိုင်ရှင် များလက်မှတ်ရေးထိုး ၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ(၂၀၁၁ ခု အောက်တိုဘာလ(၁၃)ရက်နေ့စွဲဖြင့် အသနားခံလွှာတင်ပြထားသော စာကို ဦးမြင့်စိုး(မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်) မှ ရှင်းလင်းဖတ်ကြားပွဲဖြစ်ပါသည်။ ဒီကိစ္စကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်မှာလည်း ဆက်လက်တင်ပြသွားမည်ဟု ဦးမြင့်စိုးမှပြောကြားပါသည်။ မြေယာအသိမ်းခံရသော မြေပိုင်ရှင်တချို့အား စာရေးသူမှ […]