black chawJanuary 10, 20131min36831
အောင်သင်း၏ မုဒိတာ စကား မန္တလေးဂဇက် ဝက်ဆိုက်၏ ဆုရဝတ္ထုတိုများကို ကျွန်တော်သေချာ ဖတ်ကြည့်ပါသည်။ ဖတ်ကြည့်နေရင်း ရင်တွင်းက ကျေနပ်နေမိသည်ကို ဝန်ခံပါသည်။ သူတို့အားလုံး စာစိတ်ပေစိတ်ရှိကြသည်ဟု ဆိုခြင်းထက် မေတ္တာစိတ်၊ ကရုဏာစိတ်၊ မုဒိတာစိတ် ရှိနေကြသည်ဟု ကျွန်တော် ဆိုလိုက်ချင်ပါသည်။ သူတို့အားလုံး ထိုစိတ်ကိုမွေးလျက် ဆက်လက်ရေးသားကြမည်ဆိုလျှင် ကလောင်စွမ်းထက်လာကြလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိပါသည်။ ဆက်လက်ပြီး ဝတ္ထုတိုတွေ ရေးသားကြပါဦးဟုလည်း တိုက်တွန်းလိုက်ရပါသည်။ အောင်သင်း 2012 July အကောင်းဆုံး ပို့စ်ပိုင်ရှင် ဝင့်ပြုံးမြင့် ၏ ၄ဝ ကျော် ကျွန်မ၏ အသည်းကွဲတမ်းချင်း ပို့စ်အပေါ် ဆရာ ဦးအောင်သင်း ၏ မှတ်ချက်…။ အသည်းကွဲတမ်းချင်းကိုဖတ်ပြီးနောက် စာဖတ်သူပါ အသည်းကွဲချင်သလိုလို ဖြစ်လာသည်။ ဈေးထဲမှာ တွေ့ရသော ငါးပိ၊ ငါးချဉ်၊ […]