စဆရ ႀကီးAugust 26, 20121min47622
၁။ ငယ်ငယ်တုန်းက ဖြစ်ပါ၏။ ငယ်သေးဆို အတော်လေးမကြီးသေးသည့်အရွယ်ဟုပဲဖြစ်ပါမည်။ ပြောရမည်ဆိုလျင် ကလေးအရွယ်ကပေါ့။ (ဒီလိုပြောရင် စာတိုသွားမှာစိုးသည့်အတွက်) ကိုရင်ရှူံးတွင် နှစ်စုံသော ကျောင်းဝတ်စုံကြီးရှိလေ၏။ ရှိလှဆို ကိုရင်ရှူံးမှာ အတော်လေး ချမ်းသာကြွယ်ဝသဖြင့် ထိုမျှ ပိုင်ဆိုင်ခြင်းဖြစ်တော့သည်။ အရာရှိကြီးတစ်ယောက်၏ သားဖြစ်သည့်အားလျော်စွာ ထိုနှစ်စုံမျှသော ကျောင်းဝတ်စုံကို ကျန်သည့်သူများ သတိမထားမိစေရေးအလို့ငှာ ယနေ့တွင် ခါးစည်းသော ပုဆိုးအပေါ်ပိုင်းကို နောက်ရက်တွင် ပြောင်းပြန်လှန်ဝတ်ခြင်းဖြင့်လည်းကောင်း၊ အပေါက်ရာဖာထားသောနေရာကို ယနေ့တွင် လူမြင်ကွင်းတွင် ထုတ်ဝတ်ပြီး နောက်ရက်တွင် အတွင်းထဲထည့်ဝတ်ခြင်းဖြင့်တစ်ဖုံ၊ နောက်တစ်ထည်ခြောက်ရန်မှာ မေမြို့မိုးကြောင့် ၃ ရက်ခန့်စောင့်ရခြင်းအမှုအတွက် ပင်ပင်ပန်းပန်း ကြိုးစားဝတ်ဆင်ရလေသည်။ ကျောင်းဝတ်စုံအကျီင်္အနေနှင့်မူကား အကျီင်္လက်မတိုမရှည်တစ်ထည် အဝါနုလေးနှင့် ရှပ်လက်ရှည်ပုံကျကျ (ဝတ်လိုက်သည်နှင့် ပုံပြီးကျနေသောအကျီင်္)ကြီးကို အပေါ်မှ အနွေးထည်ထပ်ဝတ်ခြင်းဖြင့်လည်းကောင်း၊ အကျီင်္လက်ခေါက်ခြင်း ဖြန့်ခြင်းဖြင့်လည်းကောင်း ပုံစံအမျိုးမျိုးပြောင်းပြီး ဝတ်ရသည်။ တော်ပါသေး၏၊ ကိုရင်ရှူံး၏ […]