ညီမလေးအတွက်………. နှလုံးသားကပြောသောစကားလေးများ(4) ………………………………………….. ညီမလေးရေ……….. အကိုတို့မောင်နှမတွေဟာအမြဲတမ်းလည်းဆုံဆည်းရမှာမဟုတ်သလို၊ အမြဲတမ်းလည်းခွဲနေရလိမ့်မယ်လို့အကိုမထင်ဘူး။ ဒါပေမဲ့… ဆုံးဆည်းတဲ့အခိုက်တန့်လေးမှာပျော်ပျော်ရွှင်ရွှင်လေးနေကြတာပေါ့ညီမလေး။ တကယ်တော့ တို့မောင်နှမတတွေဟာ ဘယ်ဘဝကရေစက်ပါခဲ့လို့ ဒီလူ့ဘဝကြီးထဲမှာဆုံခဲရတာမသိဘူးနော်။ ကံကြမ္မာကဆန်းကြယ်သလို၊ ဘဝကလည်းဆန်းကြယ်တယ်နော်။ လူဆိုတဲ့အသွင်သာတူပြီး အသွင်ပြင်အားလုံးကွဲပြားနေတယ်နော်။ ဒါပေမဲ့ ညီမလေး အကိုကျေနပ်ပါတယ်။ညီမလေးလည်းကျေနပ်မိမယ်လို့ထင်ပါတယ်။ ခုလိုချစ်ချစ်ခင်ခင်ရှိကြတာကိုပျော်စရာတစ်ခုပေါ့။ နေ့တွေ နေ့တွေမှာမနက်ခင်း(မွေးဖွားခြင်း)အစ ခွဲခွာခြင်းအဆုံးတွေရှိကြတယ်လို့သတ်မှတ်ထားပေးနော်။ နောင်တချိန်မှာညီမလေးအချစ်ဆုံးလူနဲ့ခွဲရတဲအခါမထိခိုက်စေဖို့ပေါ့။ ညီမလေးလောကနိယာမကိုနားလည်နိုင်ပါစေ….။ မေတ္တာဖြင့် …………… ကိုကို ညီမလေးရေ……… `ဘဝဆိုတာ တိုက်ပွဲ´တဲ့ ငယ်ငယ်လေးကတည်းကတိုက်လာတဲ့ဒီတိုက်ပွဲ ယ္ခုအချိန်ထိပါပဲနော်။ ငယ်ငယ်ကတိုက်လာတဲ့ တိုက်ပွဲကိုကျော်လာခဲ့ပြီးမှ အလယ်လောက်ရောက်နေတဲ့ဒီတိုက်ပွဲမှာကျရှုံးနေမယ်ဆိုရင် အရှုံးပေးရာဖြစ်နေမယ်။ ဘယ်တော့မှဘဝကိုအရှုံးမပေးရဘူးဘဝမှာ လည်းကျရင်ပြန်ထနိုင်ရမယ်တဲ့၊ လဲကျပြီးပြန်မထတဲ့သူသည်သာရှက်စရာပဲတဲ့။ ဘယ်လိုပဲပြန်ထပြန်ထပြန်ထဖို့ပါပဲ..။ လဲကျပြီးပြန်မထတဲ့သူသည်ဟာအရာရာကို အရှုံးနဲ ့ပဲရင်ဆိုင်ရတတ်တယ်..ညီမလေး။ ကြိုးစားပါညီမလေးရယ်..မျှော်လင့်ချက်ရောင်နီတွေဟာ ရှေ ့လက်တစ်ကမ်းမှာ […]