AKKOJanuary 28, 20121min26442
(ဒီပို့စ်မှာရေးချင်တဲ့ ဆင်းရဲခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ဆိုလိုခြင်းဖြစ်ပါတယ်။ )   ကျွန်မသည် ဆင်းရဲသားများနှင့် နှစ်ရှည်လများတစ်ရပ်ကွက်ထဲတွင် အတူနေထိုင်ခဲ့ရပါသည်။ ကျွန်မကိုယ်တိုင် မချမ်းသာသော်လည်း သူတို့နဲ့ယှဉ်လိုက်ရင်တော့ ကျွန်မက သူဌေးတစ်ယောက်လို့ သူတို့က သတ်မှတ်ပါလိမ့်မည်။ ကျွန်မက ဆင်းရဲသားလို့သတ်မှတ်လိုက်တဲ့သူများကတော့ အစိုးရပိုင် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကြသော၊ သာမာန်အဆင့် အမှုထမ်းများနေထိုင်သော၊ စက်ရုံမှပေးသော၊ လိုင်းခန်းဟုခေါ်ထွင်သော၊ အဆင့်အတန်းအတော်အတန်မြင့်သော၊ ၆ ထပ်တိုက်ခန်းများတွင်နေထိုင်ကြသော အမှုထမ်းဝန်ထမ်းအိမ်ရာများမှ အမှုထမ်းမိသားစုများဖြစ်ပါသည်။ စုစုပေါင်းတိုက်ခန်းပေါင်း ၃၀ဝ နီးပါးနဲ့ အိမ်ထောင်စုပေါင်း ၅၀ဝ နီးပါးလောက်နေထိုင်ကြသော ခြံဝင်းကြီးအတွင်းမှ မြေညီထပ်အခန်းတစ်ခန်းတွင် ကျွန်မနေထိုင်ခဲ့ပါသည်။ မကြားချင် မမြင်ချင်မှအဆုံး အားလုံးကို သိနေရသည့်ကျွန်မအတွက် ဆင်းရဲခြင်းဆိုတာ ဒီလိုပါလားလို့ နားလည်ခဲ့ရသည့် အချိန်ကာလများဖြစ်ပါသည်။   မနက်မိုးမလင်းခင်ကထဲက အောက်ဆုံးထပ်ကနေ အပေါ်က ၅ ထပ်စလုံးကို အဆဲနဲ့စတင်ပြီး […]