မြသဲ ( 17082011 )September 9, 20131min42822
ကျွန်မအိမ်မှာကြောင်ကလေးတွေမွေးပါတယ်။ ကျွန်မအိမ်အနေအထားနဲ့ က အဲဒီကြောင်လေးကောင်ကိုကြီးသည်အထိဆက်မွေးဖို့မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့်လဲ online ကနေ ကြောင်မွေးချင်တဲ့သူများကိုဖိတ်ခေါ်ခဲ့ပါတယ်။ နှစ်ကောင်တတွဲ ဓါတ်ပုံရိုက်တင်လိုက်တာမှာ အမလေးတတွဲကိုတစ်ယောက်ကမွေးဖို့ယူသွား ပါတယ်။ နောက်ကျွန်မ အချစ်ဆုံးနဲ့ ကျွန်မကိုအချစ်ဆုံးအထီးလေးနဲ့အမလေးအ တွဲကိုတော့ ကောင်မလေးတစ်ယောက်ကမွေးဖို့တောင်းပါတယ်။ သူအားမဲ့နေ့ ကျွန်မအားမဲ့နေ့တွေဖုန်းဆက်ချိန်းပါ တယ်။ သူ့ FB page ထဲလဲကျွန်မဝင်ကြည့်ပါတယ်။ ပထမတော့အမှတ်တမဲ့ပါပဲ။ သူ့အမျိုးသားလေးနဲ့ ချစ်ချစ်ခင်ခင်နှစ်ယောက်တွဲပုံလေးတွေ သူ့ရဲ့အကောင်းမြင်တတ်တဲ့ စာလေးတွေဖတ်ရင်းကျွန်မ သားလေးနဲ့သမီးလေးကိုပေးရမှာစိတ်ချခဲ့ပါတယ်။ နောက်နှစ် ရက်လောက်နေတော့ကျွန်မတခုခုကိုသတိထားလိုက်မိတယ်လို့ထင်ပြီး ရင်တုန်သွားပါတယ်။ ကျွန်မမသေချာတာနဲ့ သူ့ပုံတွေအစအဆုံးပြန်ကြည့်တော့မှ သူဟာလက်နှစ်ဖက်မွေးရာပါမပါတာတွေ့လိုက်ရပါတယ်။ လက်မောင်းရင်းကနေ တထွာစီလောက်ပဲပါပါတယ်။ သူလုပ်တဲ့နေရာကိုကြည့် လိုက် တော့ရွှေမင်းသားဖောင်ဒေးရှင်းဖြစ်နေပါတယ်။ ကျွန်မအဲဒီရွှေမင်းသားဖောင်ဒေးရှင်းကိုလဲကောင်းကောင်းသိသလို သူတို့ မသန်စွမ်းတွေရဲ့ ဇွဲလုံးလကိုလဲ အရမ်းချီး ကျူးခဲ့ဖူးပါတယ်။ အခုတိုက်တိုက်ဆိုင်ဆိုင် အဲလိုမိန်းကလေးမျိုးကိုတွေ့လိုက်ရတော့ ကျွန်မရင်ထဲတမျိုးဖြစ်သွားပါတယ်။ သူတို့ဘဝတွေကို မြင်ဖူးကြားဖူးပေမဲ့တေ့တေ့ ဆိုင်ဆိုင် မတွေ့ဖူးတော့ စိတ်လဲလှုပ်ရှားသွားပါတယ်။ […]