Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


black chawMarch 17, 20151min137439
ကလင်…ကလင်…ကလင် အမိန့်ရှိပါ…မြန်မာဂဇက်က ပြောနေပါတယ်ခင်ဗျာ…။ အော်…ကိုတောင်ပေါ်သား လားခင်ဗျာ…။ ဘယ်လိုအကြောင်းထူးများရှိလို့ ပါလဲ…။ အော်…ဇွန်သဉ္ဇာ တစ်ယောက် သမ္မတရဲ့ ပညာသင်ဆု ရသွားတဲ့ သတင်းလားခင်ဗျ…။ ရေးဖြေအောင်သွားတယ်လို့ သိရပါတယ်ခင်ဗျာ…။ လူတွေ့ဖြေ ဖို့ လိုသေးတယ်လို့လည်း သိရတယ်ခင်ဗျ…။ အော်…အဖေါ်အချွတ်ပုံတွေရိုက်တဲ့ မော်ဒယ်တစ်ယောက်ကို သမ္မတ ပညာသင်ဆုပေးသင့်မသင့် ဆိုတဲ့ ကိစ္စလားခင်ဗျ…။ ဟေးဟေး…။ တပည့်တော်တို့လည်း မလျှောက်တတ်ပါဘူး ကိုကိုရယ်…။ ခင်ဗျာ…။ လူတွေ့စစ်ဆေးမယ့် ပုဂ္ဂိုလ်ကြီးတွေက ဇွန်သဉ္ဇာ့ အွန်လိုင်း ပရိသတ်တွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ …။ အော်…ကိုကိုရယ်…ကြံကြံဖန်ဖန်တွေ မတွေးပါနဲ့ခင်ဗျာ…။ လူတွေ့ စစ်ဆေးမယ့် ပုဂ္ဂိုလ်ကြီးတွေ အနေနဲ့ အဲ့ဒါမျိုးတွေ ဝါသနာ မပါလောက်ပါဘူးခင်ဗျာ…။ တော်လို့ အရည်အချင်းရှိလို့ ထိုက်တန်လို့ ဇွန်သဉ္ဇာ တစ်ယောက် သမ္မတရဲ့ ပညာသင်ဆုရခဲ့ရင် ကိုတောင်ပေါ်သား […]


black chawMarch 14, 20151min101133
ထုံးစံအတိုင်း မြို့မေတ္တာခံယူဖို့ ဘလက်ချောကြီးတစ်ယောက် အရောက်လာခဲ့ပြန်ပါပြီခင်ဗျာ…။ ခင်ဗျားတို့ စိတ်တွေ အဆာပြေနိုင်ကောင်းပါရဲ့…။ ကလင်…ကလင်…ကလင် ဟုတ်ကဲ့…မြန်မာဂဇက်ကပါ ခင်ဗျာ…။ အော်…မန္တလေးက ကိုမာဃပေါ့နော်…။ ဘာများရင်ဖွင့်ချင်ပါသလဲ ခင်ဗျ…။ အော်…မြန်မာအစိုးရကပေါ့နော်…။ ဘာပဲလုပ်လုပ် တရုတ်ဆီက ငွေချေးပြီးလုပ်နေတယ်ပေါ့နော်…။ သူတို့မှာလည်း မရှိရှာကြလို့ နေမှာပါ ကိုမာဃရယ်…။ သူတို့က မရှိတဲ့ ကြားက ပြည်သူလူထုကို စေတနာထား…ထား…။ ခင်ဗျာ…။ ပြည်သူတွေကို စေတနာထားရင် ဟုတ်ကဲ့ဆက်ပြောပါခင်ဗျ…။ အခုလို ပြည်သူတွေကို နှိတ်စက်နေတဲ့ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်ပေးဖို့ လုပ်ပါ့မလားပေါ့နော်…။ ပြည်သူတွေကို ဒီထက် အဆင့်မြင့်တဲ့ ဒုတ်တွေနဲ့ ရိုက်ဖို့ လုပ်နေတာပေါ့နော်။ ခင်ဗျာ။ အစ်ကိုကြီးကလည်း ဒဲ့တွေပြောနေပြန်ပါပြီခင်ဗျာ။ ရဲတပ်ဖွဲ့ အဆင့်မြှင့်ဖို့ ငွေချေးမှာက တရုတ်နိုင်ငံကပေ့ါနော်။ ကျပ်ငွေ ၄၄ ဘီလီယံတောင်ချေးမှာပေါ့နော်။ အတိုးနှုန်းက ၄.၅ […]


black chawMarch 10, 20151min235150
ဘလက်ချောလေး သိတ်အော်…သိတ်အော် တိုင်းပြည်ကမျှော်… အို…ဘာတဲ့…။ ဘလက်ချောလေး သိတ်တော်…သိတ်တော် ဂဇက်ရွာကမျှော်…။ မျှော် မျှော် မ မျှော်မျှော်ဗျာ…။ မျှော် တယ်လို့ မှတ်လိုက်…။ ကလင်…ကလင်…ကလင်… ဟုတ်ကဲ့…မြန်မာဂဇက် ရဲ့ တာဝန်ခံအော်ပရေတာကြီး ဘလက်ချောပါ ခင်ဗျာ…ခင်ဗျ…။ ဟုတ်ကဲ့ အော်…စင်္ကာပူကတောင် ဆက်တာပေါ့နော်…။ နာမည်လေးပါ ပြောလို့ရမလားခဗျ…။ အော် ဇီဇီ ခင်ဇော်…။ ဟုတ်ကဲ့ပါ ဇီဇီ ခင်ဇော်ရေ…။ တင်ဇာမော်တစ်ယောက် မြန်မာပြည်ပြန်ရောက်နေတဲ့ သတင်းလားခင်ဗျ…။ ဟုတ်ကဲ့…။ ဖေဖေါ်ဝါရီ ၂၆ ကတည်းက ရောက်တာပါဗျာ…။ အော် သူ့ အမေ တစ်ယောက်တည်း ဖြစ်နေလို့ ပြန်လာနေပေးတာတဲ့ ခင်ဗျ…။ သူ့ ရဲ့ အနုပညာလှုပ်ရှားမှု…။ အော်…ဟိုတစ်ခါ ပြန်လာတုန်းက လုပ်ခဲ့တဲ့ Live Show ကို […]


black chawFebruary 13, 20151min49411
ဇန္နဝါရီ လအတွင်း လူပြောသူပြော အများဆုံးသတင်းတစ်ပုဒ်ကတော့ ရန်ကုန် အနောက်ပိုင်းခရိုင် စည်ပင်သာယာရေးကော်မတီ လွှတ်တော်အမတ်တစ်ဦး ရဲ့ လူမြင်ကွင်းက အနမ်း သတင်းပဲ ဖြစ်ပါတယ်။ နားကြပ်ကြီးပုခုံးပေါ်တင်၊ ဗိုက်ထဲမှာလည်း ဆေးပစ္စည်းအစုံထည့်ထားပြီး Miss Face of Myanmar ထက်ထက်ဝင်း ကို နမ်းနေတဲ့ အဲဒီလွှတ်တော်အမတ်နာမည်က ဒေါက်တာ တင်ထွန်း ပါ။ Facebook ပေါ်မှာတော့ ဒေါက်တာတင်ထွန်း ရဲ့ အနမ်းပုံကို သူ့ထက်ငါ အပြိုင်အဆိုင် ရှဲ ကြပြီး ဆဲလိုက်ကြတာလည်း မိုးမွှန်လို့ပါ။ သတင်းအမှန်ကတော့ Miss Face of Myanmar ထက်ထက်ဝင်းဟာ လွှတ်တော်အမှတ် ဒေါက်တာတင်ထွန်းရဲ့ သမီး အရင်းပါ။ သမီးရဲ့ အောင်မြင်မှုကို ဖခင်တစ်ယောက်အနေနဲ့ အားရပါးရ ဂုဏ်ပြုလိုက်တဲ့ သဘောပါ။ နောက်…ပုခုံးပေါ် […]


black chawFebruary 6, 20153min169944
ကြိုပြောထားမယ်နော်…။ အခုတင်မယ့် သတင်းတွေက လွန်ခဲ့တဲ့ ဇန္နဝါရီ ဒုတိယ ပတ်လောက်က သတင်းတွေပါ ခင်ဗျာ…။ နည်းနည်း တော့ မလတ်ဆတ်တော့ဘူး ဆိုတဲ့ သဘောပေါ့…။   ၂၀၁၃ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကြီးကတော့ ပြောစရာတွေ ဖြစ်ကျန်ခဲ့ပါရောလားဗျာ…။ နိုင်ငံတော်ရဲ့ ဒုတိယ သမ္မတကြီး ကိုယ်တိုင် တက်ရောက်ချီးမြှင့်တဲ့ ဒီလို ပွဲကြီးရဲ့ အဓိကဖျော်ဖြေမှု အချို့ဟာ မြန်မာတိုင်းရင်းသားတွေ မဟုတ်ခဲ့တာကတော့ဖြင့် ဘယ်လိုမှ နားလည်ပေးဖို့ မကောင်းခဲ့ပါဘူး။ ဖျော်ဖြေရေး မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း သီချင်းနဲ့ အော်ပရာ က ကြသတဲ့။ ရှေ့က အမျိုးသမီးက ပေါင် ၂ ချောင်းကို ကား ရင်ကိုကော့ တင်ကိုပစ် ပြီး ကြယ်ကိုလှမ်းဆွတ်…၊ (ယိုးဒယားမလို့ ထင်ပါတယ်) ပေါင်ကားတင်ကော့ရင်ပစ် ပြီဆိုမှတော့ […]


black chawDecember 15, 20142min62216
ဒီနေ့ မနက် ရွာထဲက လူ ၅ ယောက်နဲ့ FB မှာ ချက်တင် ဝင်မိတယ်။ အဲဒါလေး အမှတ်တရ ပြန်ရေးပြမလို့။ ပထမဆုံး က စင်္ကာပူက။ ခင်ဇော်လေ။ သိတယ်မဟုတ်လား။ လူမိုက်ဘွဲ့ခံထားတဲ့ ခင်ဇော်ပေါ့။ အောင်မလေး။ သူကလည်း လေသံကိုက ကြောက်စရာဗျ။ သူ့အဖေကလည်း ရုပ်ရှင်ထဲက လူမိုက်ကြီး ဝါးခယ်မရဲမောင်ဆိုလား။ ဂီဂီ (ဖားသက်ပြင်း) ပြောတာပဲဗျာ။ စင်္ကာပူကနေ January’ 2015 Plan ကို အသေးစိတ်ညွှန်ကြားပြီး ဖြစ်အောင်လုပ်ပါ ဆိုတဲ့ ညွှန်ကြားချက်ကို ပေးတယ်ဗျာ။ အဲ့ဒါနဲ့ လူကောင်ကြီးပြီး ကြောက်တတ်တဲ့ ကျွန်တော် ခေါင်းညှိတ်လိုက်ရပါတယ်။ လူမိုက်ပြီးတော့ ကဗျာဆြာနဲ့ ဆက်ချက်ပေါ့။ ဘယ်သူရှိရမှာလဲဗျာ။ နှပ်ချေးကို ချစ်စရာကောင်းအောင် ရေးပြတတ်တဲ့ Come Way […]


black chawAugust 21, 201421min146429
“သိတ်တော်လာသူကို ဘုရားသခင်က ပြန်ပြန်ခေါ်တတ်တယ်။ အရမ်းတော်အောင် မလုပ်နဲ့ကွ” ဟု ပုသိမ်သား ပန်းချီဆရာတစ်ယောက်ကပြောခဲ့တယ်ဆိုလား စာအုပ်တစ်အုပ်ထဲ ဖတ်ခဲ့ဘူးပါတယ်။ ဟိုးရှေးရှေးတုန်းကပေါ့။ အဆိုတော်လုပ်တော့မယ့် လေးဖြူက သူ့သီချင်းရေးဆရာ ကဗျာဆရာ ကျော်အောင်သစ် ကို ပြောခဲ့ဖူးသတဲ့။ “ဟေ့ကောင် မင်း…ထူးအိမ်သင်ဆိုတဲ့ နာမည်ကွာ၊ ငါကတော့ အမြဲတမ်းစဉ်းစားမိတယ်။ ထူးအိမ်သင်ဆိုတော့ HAT ကွ။ HAT ဆိုတာ သူများခေါင်းပေါ်မှာ အမြဲတမ်းရှိနေတာကွ” ဟူလို။ အခုတော့ HAT ဆိုတဲ့ ထူးအိမ်သင် ရော KAT ဆိုတဲ့ ကျော်အောင်သစ် ရော နှစ်ယောက်စလုံးကို သိတ်တော်လို့ ဆိုပြီး ဘုရားသခင်က ပြန်ခေါ်သွားခဲ့ပြီးပြီ။ လေးဖြူ  အပြောအရ ထူးအိမ်သင် ဆိုတာ ဦးထုပ်လေး ပေါ့။ ကျွန်တော်တို့ ခေါင်းပေါ်မှာ အမြဲတမ်းရှိနေမယ့် ဦးထုပ်လေးပေါ့။ […]


black chawAugust 11, 20145min117135
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကို မောင်နှမများ…မင်္ဂလာပါ…။ ဒီလ နားစွန်နားဖျားရပ်ကွက်ထဲ ရောက်လာတဲ့ အနုပညာသတင်းတွေကို အောက်မှာ ဖတ်ကြည့်ကြပေတော့ဗျာ။     အကယ်ဒမီ ဂယက် ၎င်း နှင့် ပြိုင် အရွေးခံမည့် ပုဂ္ဂိုလ်များ အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့တွင် ပါဝင်နေပြီး ထိုသူများက မိမိကို မဲပေးလိမ့်မည်မဟုတ်ကြောင်း၊ အကယ်ဒမီ ရွေးချယ်တဲ့ နေရာမှာ ပြည်ပမှ အကဲဖြတ်ဒိုင်များကို ခေါ်ယူရွေးချယ်သင့်ပါကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင် က ပွင့်လင်းစွာ ပြောကြားလိုက်ပါတယ် တဲ့။ ဟေးဟေး…စဉ်းစားရမယ့်အချက်ပါပဲ ကျောင်းဒကာ။ အကယ်ဒမီ စိစစ် အကဲဖြတ်ရေး အဖွဲ့ ဥက္ကဌ ဦးအောင်လွင် ကြီး နှုတ်ထွက်သွားပြန်ပါရောလားဗျာ။ သူပါဝင်တဲ့ ရုပ်ရှင်တစ်ကား ရှိနေလို့ အကဲဖြတ်အဖွဲ့ထဲ မပါချင်တာ ဆိုလား။ ကျင့်ဝတ် စောင့်ထိန်းသော […]


black chawJuly 21, 20145min122948
  နည်းနည်းခန့်ခန့်ညားညား ဖြစ်သွားအောင် ကမ္ဘာကျော် ဒသန ပညာရှင်ကြီးတစ်ယောက် ပြောခဲ့ဖူးတဲ့စကားလေးနဲ့ အစပြုလိုက်ရအောင်ဗျာ။ ဒီလိုပဲ ကိုးကားနေရတာပါပဲ ကွယ်…။ အဟမ်း…အဟမ်း…အဟမ်း…။ ဘယ်သူလဲလို့တော့ ကွက်ရှင်မရှုပါနဲ့ ကျောင်းကြီးဒကာ။ အရိုးရှင်းဆုံးဝန်ခံရရင် ဒသန ပညာရှင်ကြီး ရဲ့ နာမည်ကို သိကို မသိတာဗျ။ ကျွန်တော် ဖတ်လိုက်မိတဲ့ အထဲမှာလည်း အဲဒီလို မရေမရာပဲ ရေးထားတာဗျ။ ထားလိုက်ပါဗျာ…အဲဒီ နာမည်က သိတ်အရေးမကြီးလှပါဘူး။ (အင်…မသိတာကိုပဲ သိတ်အရေးမကြီးဘူးဆိုပြီး လုပ်ချသွားတာဗျ…။ ပညာပါတယ်နော်…အာဟီး…။) သူ့ ဒိုင် က အရေးကြီးတာပါ။ သူ့ ဒိုင်ယာလော့ခ် လေးက ဒီလိုတဲ့ဗျ။ လူဆိုတာ တဲ့ တစ်နေ့တာပတ်လုံးမှာတဲ့ ၃ ခုသော အလုပ် နဲ့ ပဲ အချိန်ကုန်နေရတာပါ တဲ့။ အာဂ ဆိုတဲ့ […]


black chawJuly 12, 20145min99126
ဒီလ ဘလက်ချောကြီးရဲ့ နားစွန်နားဖျားရပ်ကွက် ကို ကောလဟာလ လေးတစ်ခုနဲ့ အစပြုလိုက်ပါတယ်ဗျာ။     ကောလဟာလ ဆိုတာ ဖြစ်ရပ်မှန် တစ်ခုအပေါ်မှာ အခြေခံပြီးမှ ပွားလာတတ်တာမျိုးပါ။ ဆိုကြပါစို့။ မင်းသား ဟိန်းဝေယံ နဲ့ မင်းသမီး အိချောပိုတို့ ချောင်းသာကို အပန်းဖြေ ခရီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒါ သတင်းတချို့ထွက်ပေါ်လာလို့ဆိုပြီး အိချောပို က ဖြေရှင်း ခဲ့ရပါရောလားဗျာ။ သွားတာကတော့ အဖွဲ့လိုက် အများကြီးပဲ။ ဘယ်လိုကနေ သတင်းတွေထွက်လာလဲ မသိဘူး။ အိချောတို့က အနုပညာ မောင်နှမတွေပါ။ ဒီလို ဖြစ်လာတာကိုလည်း အံ့ဩတယ်။ အိချော သိတ်တော့ မဖြေရှင်းချင်ပါဘူး။ ဒါက အပန်းဖြေခရီး သွားတာပါ။ ပရိသတ်တွေ ထင်သလို မဟုတ်ပါဘူး။ ကဲ…ကြည့်…။ ပရိသတ်တွေက ဘယ်လိုမှ […]


black chawJune 29, 20146min135142
  သီချင်းရေးတဲ့ ကိုမောင်မောင် ရဲ့ ပြင်ပဘဝကို ကျွန်တော် သိတ်မသိပါ။ မဉ္ဇိမလှိုင်း အဖွဲ့ဝင် တေးရေးဆရာတစ်ယောက်။ ရုပ်ရှင်သီချင်းတွေလည်း အရေးကောင်းသူတစ်ယောက်။ ကွယ်လွန်သွားခဲ့ပြီးပြီ။ ဒါလောက်ပါပဲ။ သို့သော် သူရေးသွားတဲ့ သီချင်းလေးတွေက လှပချိုမြိန်လွန်းလှပါသည်။ သူ့သီချင်းတွေက မိတ်ကပ်လိမ်းနှုတ်ခမ်းနီဆိုးထားသော မိန်းမတစ်ယောက်ရဲ့ ပူလောင်တဲ့ အလှမျိုးမဟုတ်။ သနပ်ခါးလိမ်း ပန်းပန်ထားသော တည်ငြိမ်တဲ့ အလှမျိုး။ သူဟာ အထူးတလည် ဂုဏ်ပြုမှုနှင့် ထိုက်တန်သော သီချင်းရေးဆရာတစ်ယောက် ဖြစ်ပါသည်။ သူ…ဘယ်လို သီချင်းတွေကို ရေးခဲ့တာတဲ့လဲ…။ ကျွန်တော် လက်လှမ်းမှီသလောက် တင်ပြသွားပါမည်။ ကိုမောင်မောင့် သီချင်းအများစုက တရားဓမ္မဘက် နွယ်ပါတယ်၊ ဒသနဆန်တဲ့ စာသားတွေနဲ့ ရေးဖွဲ့ပါတယ်။ သူ့သီချင်းအများစုက သန္တရသကို ပေးစွမ်းပါတယ်။ သူရေးသော သီချင်းတွေက ခင်ဗျားတို့ရင်ထဲ ဘယ်နှစ်ပုဒ်လောက်ရောက်ခဲ့ဖူးသလဲ။ ကိုမောင်မောင် ရေးတဲ့ […]


black chawJune 24, 20142min112433
သတင်းတွေ…၊ သတင်းတွေ…၊ ဘရာဇီးကမ္ဘာ့ဖလားမှာ အင်္ဂလန် အစောဆုံး အိမ်ပြန်ရတယ်ဆိုတဲ့ သတင်းတွေ…၊ မြန်မာပြည်က ဝန်ကြီးဦးဆန်းဆင့် တစ်ယောက် ဖြုတ်ထုတ်သတ် လုပ်ခံရတယ် ဆိုတဲ့သတင်းတွေ…၊ အောင်ရင်ငြိမ်းဆိုတဲ့ စာရေးစရာတစ်ယောက် နေ့ချင်းညချင်း တမဟုတ်ချင်း လျှမ်းလျှမ်းတောက်ဖြစ်သွားတယ်ဆိုတဲ့ သတင်းတွေ…၊ အောင်ရင်ငြိမ်း ၏ နောက်ကွယ်တွင် ခေါင်းကိုင်ဆရာကြီး တစ်ယောက်ရှိနေသေးတယ်ဆိုတဲ့ သတင်းတွေ…။ လှည်းတန်းမှာ ဓါတ်ကြိုးပြတ်ကျလို့ အပြစ်မဲ့ ပြည်သူနှစ်ယောက် ပွဲချင်းပြီးသွားတယ်ဆိုတဲ့ သတင်းတွေ…၊ အဲဒီကိစ္စအတွက် သူ့မှာ တာဝန်ရှိတယ်ဆိုပြီး လျှပ်စစ်ဝန်ကြီးက နှုတ်ထွက်ပါမယ် လုပ်နေလို့ လူကြီးတွေက ဝိုင်းတားနေရတယ်ဆိုတဲ့ သတင်းတွေ…။ စိတ်ကောက်ရရင်ကောက် ဆံပင်ကောက်ပစ်မယ် ဟု ခိုင်ဇာကြီးပြောလိုက်တဲ့ သတင်းတွေ…။ ဟောင်ကောင်မှာနေတဲ့ မူးယစ်ရာဇာ ကျောက်အတွက် သူ့ မဒမ် နှင်းမမ က ဝက်ဆီဖတ်နဲ့ အစိမ်းကြော် ကြော်ပေးတယ်ဆိုတဲ့ […]


black chawJune 18, 20141min196749
ခေတ်ကိုမီအောင်လိုက်ဖို့ လိုပါတယ် ကျောင်းဒကာ…။ ခေတ်ကို မမီရင်တောင် ခေတ်ရဲ့ပြေးလမ်းမှာ ဟိုးနောက်ဆုံးကို မရောက်ရှိစေနဲ့ပေါ့ဗျာ…။ ခေတ်နဲ့ ရင်ဘောင်တန်းပြီး ခေတ်ရှေ့က ပြေးနိုင်ရင်တော့ အကောင်းဆုံးပေါ့…။ ဟိုတလောလေးက ရွာထဲမှာ LT ကိစ္စအတော်လေး ခေတ်စားခဲ့တာ ခင်ဗျားမှတ်မိဦးမှာပေါ့…။ အဲဒီလို နားရှက်စရာကိစ္စတွေဆို ဘလက်ကြီးက ပြောရဆိုရမှာ ရှက်တတ်တာကြောင့် ဝင်မဆွေးနွေးဖြစ်ခဲ့ဘူးပေါ့…။ သိတယ်မဟုတ်လား…။ ဘလက်ကြီးတို့က ဗိုင်းကောင်းကျောက်ဖိ နေခဲ့ရတာလေ…ဟေးဟေး…။ LT ဆိုလို့ ကိုထူးဆန်းတို့ ကိုစံလှကြီးတို့ မဝင့်ပြုံးမြင့်တို့ကိုတောင် လှမ်းသတိရလိုက်မိသေး…။ ဟိုတလောက ရွာထဲ အဲဒီ အကြောင်း ဆွေးနွေးငြင်းခုန် ခဲ့ကြသေးတယ်လေ…။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က မိန်းမမရသေးပဲ ကလေးလိုချင်တယ် ဆိုတဲ့ အောင်လ အကြောင်းလေး နားစွန်နားဖျားရပ်ကွက်မှာ ထည့်ပြောခဲ့သေးတာ မှတ်မိဦးမှာပေါ့…။ မသိလို့ ရေးခဲ့မိတာ တောင်းပန်ပါတယ် အောင်လရယ်…။ […]