alinsettJune 26, 20141min27918
သူတပါးရဲ့ နာကျင်မှုကို မြင်ရုံနဲ့ ကိုယ်တိုင်နာကျင်သလို ခံစားတတ်တဲ့ စိတ်နှလုံးဟာ အခုအချိန်မှာမှ ရှိလာတာ မဟုတ်ပါဘူး။ မောင်သူရ ရဲ့ စိတ်နှလုံးက ငယ်စဉ်ကတည်းက သူတပါး ရဲ့ နာကျင်မှ ုတွေကို ကိုယ်နဲ့ ထပ်တူထပ်မျှ ခံစားမိခဲ့တာပါ။ မောင်သူရ အသက် ဆယ်နှစ်အရွယ်လောက်က တခြားမိသားစုတစ်စုရဲ့ ဆင်းရဲမွဲတေမှုကို ကြည့်ပြီး မျက်ရည်တောက်တောက်ကျမိခဲ့ဖူးတာလေး ပြန်ပြောပြချင်ပါသေးတယ် ။ ********** အဲဒီတုန်းက . . . မောင်သူရ အသက်က ဆယ်နှစ်လောက်ပဲရှိဦးမယ် ။ မောင်သူရရဲ့ မေမေက တောင်ဒဂုံ / လေးဒေါင့်ကန်ရွာဘက်မှာ မြေကွက်လေးတစ်ကွက် ဝယ်ပြီး ပျဉ်ထောင် သွပ်မိုး အိမ်ကလေးတစ်လုံး ဆောက်ထားတာ ။ ဘယ်သူမှလည်း မနေသေးတော့ အိမ်ကို သော့လေးခတ်ပြီး ဒီအတိုင်းပဲ […]