အရင် အပတ် နဲ့ ဒီတစ်ပတ် ထုတ် Oasis ဂျာနယ် ထဲက အကြောင်းလေးပါ။ Oasis ဂျာနယ်က သတင်းထောက် မဂျူလိုင်မိုး ကိုယ်တိုင် ပင်ပင်ပန်းပန်း နဲ့ လိုက်ထားတဲ့ သတင်း ပါ။ ကလေးလေး နေတဲ့နေရာက ရန်ကုန် နဲ့မိုင်၅၀ဝကျော်လောက်ဝေးပါတယ်။ စစ်ကိုင်းတိုင်း အရာတော်မြို့ ကနေ နောင်ကြီးအိုင်လမ်းကြောင်းအတိုင်း ၈ မိုင်လောက် ဆက်သွားရင် ရှားကုန်း ဆိုတဲ့ ရွာလေးကိုရောက်ပါတယ် ။ အဲဒီကနေ နောက်ထက် ၈မိုင်လောက်ဆက် သွားရင် သူနေတဲ့ ဖုတ်ထန်းတော(ဖုတ်ထတော) ရွာလေးကိုရောက်ပါတယ်။ ကလေးက မိဘနှစ်ပါး၊ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက် နဲ့အတူ ရွာပြင်လယ်တောထဲက တဲလေးမှာနေပါတယ်။ကလေး နာမည်က မောင်သူရကျော် ပါ။ မဂျူလိုင်မိုး တို့ရောက်သွားတဲ့အခါ လာကြည့်တဲ့သူတွေတဖြေးဖြေးများလာပြီး ကလေးက […]