နွေဦးAugust 25, 20111min57853
တစ်ဒေါ်လာကို ကျပ် ခြောက်ရာကျော်လောက်ထိ ဖြစ်လာတော့ အတော် လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။အယူအဆအမျိုးမျိုးနဲ့ ပြောနေတာတွေကိုလဲ ကြားနေတာပေါ့။ခင်ဗျားတို့တော့ ဘယ်လိုဖြစ်စေချင်တယ် မသိဘူးပေါ့နော်။ကျွန်တော် စဉ်းစားမိတာ ပြောကြည့်အုံးမယ် ဝိုင်းဝန်းဝေဖန်ကြပါအုံး။ ၁။ လစာပုံမှန် ၅၀၀၀၀.ကျပ် ရတဲ့သူတယောက်ဟာ အရင်ငွေလဲနှုန်း(၁၀၀ဝကျပ်)နဲ့ဆိုရင် ဒေါ်လာ ၅၀  ဘဲရမယ် ။အခုငွေလဲနှုန်း (၆၇ဝကျပ်)နဲ့ဆို  ၇၄.၆ ဒေါ်လာလောက်ရသွားပါပြီ။ ၂။ ဒေါ်လာ ၅၀ဝတန်laptop ကွန်ပြူတာတလုံး ဝယ်မယ်ဆိုရင် အရင်ကငွေဈေး(၁၀၀ဝကျပ်=၁ဒေါ်လာ)နဲ့ဆို ၅၀၀၀၀ဝ ကျပ် ပေးရပါမယ်။အခုငွေဈေး(၆၇ဝကျပ်=၁ဒေါ်လာ)နဲ့ဆို ၃၃၅၀၀ဝ ကျပ်ဘဲပေးရတော့မယ်။ ၁၆၅၀ဝကျပ်တောင် သက်သာသွားပြီ။တကယ်လို့ ၁ဒေါ်လာ=၅၀ဝကျပ် ဖြစ်သွာမယ်ဆိုရင် ၂၅၀၀၀ဝကျပ် သက်သာသွားပြီ ။အရင်က တစ်လုံးရမဲ့ဟာ အခုဆို နှစ်လုံးရတော့မယ်လေ။ ၃။ဒေါ်လာဈေးကျလို့ ငါး ပုဇွန်တွေ နိုင်ငံခြား မပို့တော့ .ပဲတွေ အိတ်စပို့ မလုပ်တော့ […]