ဆူးDecember 8, 20101min751
အိမ်သားတွေကလည်း နဲနဲတော့ ထူးဆန်းလာကြတယ်။ စကားလုံးဝ မပြောတော့တဲ့ အနေ အထားဆိုတော့.. မေးတယ် စကားနဲလှချည်လား စကားပြောလေ ဆိုတော့.. ဘာပြောရမှန်းကို မသိဘူး။ အလုပ်ပင်ပန်းလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ နေလိုက်ရတယ်။ အလုပ်မှာ စိတ်ဖိစီးမှုတွေ ကြားထဲက သတိရစရာ အဖြစ်တခု ရှိခဲ့သေးတယ်။ မနက် မိုးလင်း အလုပ်ထ သွားတော့ ဘစ်ကားနဲ့ သွားရင် ၅း၄၅ အိမ်က ထွက်ရတယ် အိမ်နားက လူကြီးက သမီး ဘယ်သွားမလို့လဲတဲ့.. မနက် အစောကြီး အထုတ်တွေနဲ့ သွားတော့.. ဟိုမေး ဒိမေးနဲ့.. အလုပ်သွားမလို့.. အလုပ် နေရာ ပြောပြမှ အေးအေး သွားသွားတဲ့.. ယောကျားနောက် ခိုးရာ လိုက်မယ် ထင်နေပုံရတယ်။ စစ်လား ဆေးလား လုပ်နေတယ်။ […]