moonpoemFebruary 11, 20141min34015
ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ခေါ်လားတဲ့။ ဒီသီချင်းကို ကြားမိတိုင်း အမြဲရင်ထဲမှာ ဆွေးမြေ ့ရသည်။ ကိုယ့်ရဲ့ခံစားချက်တွေက သီချင်းနဲ့ထပ်တူ ထပ်မျှမဟုတ်ပေမယ့် အဲဒီလို ခံစားမှုမျိုးနဲ့ နီးနီးစပ်စပ် ပါပဲလေ။ တခါတရံအချစ်သည် ကိုယ်ယောင်ဖျောက်ပြီး ရောက်လာတတ်သည်။ရန်ကုန်မိုးလို ဝုန်းခနဲရွာရင်သာ မိုးစိုမှန်းသိတာ။ တစိမ့်စိမ့်ရွာတဲ့မိုးက စိုလို့စိုမှန်းမသိပဲ အအေးပတ်မှပဲ သိတတ်တာ မျိုးလိုပေါ့။ တချို့အချစ်တွေကလည်း ဘယ်အချိန်ကတည်း က ချစ်လို့ချစ်နေမိမှန်း မသိပေမယ့် ရုတ်တရတ် ကိုယ့်အနီးက ပျောက်ကွယ်သွားတော့မှ အသည်းကွဲခြင်းကို ခံစားရတတ်သည်လေ။ ကိုယ်သိလိုက်ရသည်က အသိနောက်ကျခြင်းနှင့်အတူ အချစ်နောက်ကျခြင်း။တစ်ခုတော့ပြောချင်သည်။ပေးတိုင်းပြန်မရတာကို အချစ်ဟုခေါ်သည် ဆိုပါလျှင် ပေးချင်သော်လည်း မြိုသိပ်နိုင်စွမ်းရှိလွန်းပြီး ဆုံးရှူံးရသည့်တိုင် မပြောင်းလဲခြင်းသည်လည်း အချစ်လို့ခေါ်သည်ဆိုတာကိုပါ။ ခုတော့လည်းလွမ်းနေရသူကကိုယ်သာဖြစ်သည်။လသာသည့်ညဖြစ်စေ မသာသည့်ညဖြစ်စေ ကြယ်စုံသည့်ည ဖြစ်စေကြယ်မစုံသည့်ညဖြစ်စေ သဘာဝအလှတရားတို့သည် အသည်းနှလုံးကို ထိခိုက်ခြင်းတော့မရှိပါ။ လွမ်းတာကတော့ လွမ်းနေဦးမည်သာ။ပြီးတော့ ..ချစ်တာကတော့လည်း […]