♥ချစ်သူရယ်….. တကယ်ချစ်ကြပြီဆိုရင်လေ အဝေးမှာသူနေလို့ သူပျော်နေပါလား မတားရက်ပါဘူး အမြဲသာရင်ထဲရှိ ခွင့်လွှတ်အသိနဲ့ နွမ်းရိကြေကွဲ ချစ်မြဲချစ်နေမယ်…………………။ ♥တကယ်လို့များ…… အမှားနှင့်အမှန် ဝေဖန်သုံးသပ် “အမှန်”လို့ဆုံးဖြတ်ပြီး တစ်ကိုယ်တည်း ကိုယ့်ကိုထား ထွက်သွားခဲ့ပြီ ဆိုကြဦး(အုံး)တော့ သူ့ဘဝအခြေမြင့်ရင်ဖြင့် ထားခဲ့သင့်တယ်လို့ ကိုယ့်ကိုကိုယ် အားခဲပြီး ချစ်မြဲချစ်နေမယ်…………………။ ♥အမှန်ဆိုရင်တော့…… ကိုယ်ခံယူထားတဲ့အချစ်က ကိုယ့်…အတ္တ… မာန… အလှ…ဘဝ….အားလုံး အားလုံးကိုအပ်နှင်း သူ့ခြေရင်းမှာ ချခင်းလို့ သူနင်းလျောက်သွားပါစေ သူမော်နေ သူပျော်နေပြီးတာပဲ အမြဲတမ်းကိုယ့်အနား သူခစားပြီး ကိုယ့်အတွက်ဖြည့်ဆည်းမှ ကိုယ့်ကိုပဲ ခယမှ “ကိုယ့်အတွက်….. ကိုယ့်အတွက်.. စသည်…..စသည်…..” အဲ့သည်လိုမှ……………. သူ့အချစ် ကိုယ်ရတယ်လို့ မာနလည်း အလံမထူချင်ဘူး အတ္တကဲ အချစ်မခံချင်ဘူး ရူးလှတယ်ဆိုပေဦး(အုံး) ဝေမျှတဲ့ အချစ်နဲ့ ကိုယ်ကပဲ ချစ်နေရရင် ကြေနပ်သူ…………………….။ ခင်တဲ့ […]