manawphyulayOctober 21, 20111min1548
တစ်ခါဆီက ပြာရီဝေဝါး နှင်းညများမှာ ချစ်ခြင်းသီကုံး မျက်လုံးများနှင့် ပြုံးခဲ့ကြတယ် လရိပ်စိုစို ကြယ်ငိုတဲ့ည ဒါ… ဂီတတဲ့။ ရယ်သံတိုးတိုး အိပ်မက်လှုပ်နှိုးရင်း အိပ်မက်ထဲမှာ ရောက်ရောက်လာသူ ရင်ခုန်သံများနှင့်ရင်းနှီး ပန်းစုံပွင့်တဲ့ ညတစ်ည။ ကြာခဲ့ပေမဲ့ ပြာလဲ့နေဆဲ နေ့ရက်ဟောင်းတွေ ဘယ်လောက်ဝေးပစေ မေ့မနေခဲ့ ဘယ်လောက် မုန်းပစေ ကိုယ်ပြုံးနေခဲ့။ ရက်တွေ လစား နှစ်တွေခြားလည်း အိပ်မရတဲ့ ညများစွာဝယ် တလည်လည်နှင့် အတွေးနယ်ထဲ ဝေခွဲခက်စွာ ပုံရိပ်ဟောင်းများ ကယောက်ကယက် မဖျောက်ဖျက်နိုင် သူမသိအောင် အပူငွေ့လောင်ကျွမ်း မျက်ရည်ခန်းလည်း တစ်ခြမ်းတည်းသော အသည်းလွှာနှင့် မြဲစွာချစ်မည့် သစ္စာရယ်ပေါ့ တစ်ကိုယ်တည်းသာ တိုးတိတ်ရွတ်ဆို လမင်းပျိုနှင့် ကြယ်စင်များကို သက်သေတည်။ မနောဖြူလေး ခံစားသည်