ဝဿန်မိုးမင်း……… ညှိုးမာန်တင်းရင်း သက်ဆင်းလူ့ပြည်……..မိုးစက်ခြွေသည် ဤသည်မုချ……. မိုးကာလတည့်……။ ထိုထိုကာလ…..မိုးဦးကျတွင် မိုးညရယ်မှောင်….. လရောင်သော်ပြောက် လျှပ်စီးတောက်ထင်…… လူရိပ်မြင် အကြင်ဖားကောက်….ထွက်ဖို့ပြင်…။ ဝါးခမောက်ဆောင်း…… မီးအုပ်ဆောင်းဖြင့် ပလိုင်းကိုလွယ်……တုတ်ကိုသယ်စဉ် အိမ်သူသက်ထား…..မှာလိုက်သည် ပလိုင်းပြည့်က…ပြန်လာကြတည့်……။ အုံး..အွမ်…အုံး…အွမ်…. ညိုးညိုးညံသည်…..လယ်တောစပ်က ဖားကလေးတွေ…..ခေါ်နေပြီ………….။ မိုးရေတွေကြား…..သုတ်သုတ်သွားစဉ် အတွေးမျှင်တန်း… စိတ်ဝယ်ပန်းလည်း ဝမ်းစာရှာဖို့….ထွက်ခဲ့ပြီ……။ လယ်ကန်သင်းရောက်…..ဆက်လို့လျှောက်သည် ဖြတ်ခနဲပေါ်…တစ်ကောင်ဆော် ..(ဘုန်း..) ဖားကသူ့ကို…ပြောင်ပြသည်…. “ဟိုက်…လွဲပီဟ”….. တစ်ချက်လွဲသော်….နှစ်ချက်ဆော်.. ဖားမှာကားကား…သေရသည်…. ဝမ်းစာအတွက်…ရှေ့ဆက်တက်စဉ် ကတွတ်ပေါက်က…သူ့ကိုဆော်သည်( အားးးး ) မြွှေဆိုးခဲလို့…သေရပြီ… မိုးရယ်လင်းသော်….အိမ်သူမျှော် မျှော်…လို့သာမျှော်….သူမပေါ်ပြီ ဘဝတစ်ပါးပြောင်းခဲ့ပြီ………..။ ။ ====================================================== ကျွန်တော်တို့ အညာဒေသ ကျေးလက် တောရွာတွေမှာဖြစ်ပျက်နေတာလေးကို ခံစားရေးသားလိုက်ရပါတော့သည်…။ အရင့်ရောင်