(၁) တစ်ခါက အလွန်ဝေးလံခေါင်ဖျားသောရွာလေးတစ်ရွာတွင် မောင်လှနှင့်မောင်မြ သူငယ်ချင်းနှစ်ယောက်ရှိလေသည်။ တစ်နေ့တွင် မောင်လှမှာ ရန်ကုန်မြို့သို့အလုပ်သွားလုပ်သဖြင့် သူငယ်ချင်းနှစ်ယောက်မှာကွဲကွာသွားကြလေသည်။ နှစ်အနည်းငယ်ကြာသောအခါ မောင်လှမှာ အဆင်ပြေပြေဖြင့်ရွာသို့ပြန်လာပြီး သူငယ်ချင်းမောင်မြအားလာတွေ့လေသည်။ ပြီနောက်သူငယ်ချင်းအား ရန်ကုန်မြို့သို့အလည်ခေါ်ရာ လမ်းတွင် မောင်လှမှ မောင်မြအား “သူငယ်ချင်းမောင်မြ မင်းကို ငါမြို့ရောက်ရင် ဖာလူဒါဝယ်တိုက်မယ်သိလား အရမ်းအရသာရှိပြီးသောက်လို့ကောင်းတယ်ကွ” မောင်မြမှာ “ဟုတ်လားသူငယ်ချင်း စားရချည်သေးရဲ့” ဒီလိုနှင့်မြို့ရောက်သောအခါ မိုးများသည်းထန်စွာရွာသွန်းသဖြင့် မိုးအေးသောကြောင့်အအေးဆိုင်များမှာမဖွင့်ချေ။ မောင်လှ ခမျာ မောင်မြဆာနေမည်စိုးသဖြင့် အနီးနားတွင်အသင့်ရောင်းနေသော အမဲအူပြုတ်အားမောင်မြအားဝယ်ကျွေးလေသည်။ ထိုအခါ မောင်မြ မှ မောင်လှ အားပြောလိုက်သည်မှာကား….. ” မင်းတို့မြို့က ဖာလူဒါကလဲကွာ ငါတို့ရွာက အမဲအူပြုတ်အတိုင်းပဲ ” တဲ့ ။ (၂) တစ်ခါက ရွာတစ်ရွာတွင်မြေးအဖိုး နှစ်ယောက်ရှိလေသည် ။ မြေးဖြစ်သူမှာမြို့သို့ မကြာခဏ သွားရောက်အလုပ်လုပ်ကိုင်သဖြင့် […]