မောင်ဇော်နှင့် စကားပြောဆိုပြီး၍ တည်းခိုအိမ်သို့ပြန်ရောက်သောအခါ ကျွန်ုပ်တို့ စောင့်နေသော မိတ်ဆွေလဲ ရောက်နှင့်နေသည်ကိုတွေ့ရလေသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်တို့သည် လုပ်ကိုင်စရာရှိသည်များကိုစီစဉ်ခြင်း၊ တွေ့ဆုံရမည့်သူများကို ခေါ်ယူ၍၎င်း သွားရောက်၍၎င်း တွေ့ဆုံခြင်း၊ ဝယ်ယူစရာ ရောင်းချစရာ လွှဲပြောင်းစရာများကို စီမံခြင်း၊ စာရင်းမှတ်သားရေးသွင်းခြင်း စသည်တို့ကို အပတ်တကုတ် ဝိုင်းလုပ်ကိုင်ကြလေရာ တစ်နေ့ခင်း ၊ တစ်ညနေ နှင့်နောက်နေ့ တစ်မနက်ခင်း ခန့်အတွင်း လုပ်ဖွယ်ကိုင်ဖွယ်များကို အကုန်အစင် လုပ်ကိုင်ပြီးကြလေသည်။ ညနေအချိန်တွင် တစ်နာရီကားမောင်းစာအကွာအဝေးတွင်ရှိသော ပဲခူးမြို့မှ အခြားမိတ်ဆွေများနှင့် တွေ့ဆုံညစာစားသုံးရန် စီစဉ်ထားလေရာ ကျွန်ုပ်မှာ တစ်နေ့ခင်းစာမျှ အချိန်အားရရှိလေသဖြင့် ကိုထွန်းမြင့်ထံ သွားရောက်တွေ့ဆုံ လည်ပတ်ရန် အဆင်ပြေသွားလေတော့၏။ နေ့လည်စာစားပြီးသည်နှင့်တပြိုင်နက် ကျွန်ုပ်မိတ်ဆွေ၏ ကားလေးကို ကိုယ်တိုင်မောင်းနှင်လျှက် […]


        ဒီရက်မတိုင်ခင်ကတည်းက လူပြောတော့များနေတာ… ၁၂.၁၂.၂၀၁၂      တနည်းအားဖြင့်  ဝမ်းတူးဝမ်းတူးဝမ်းတူး… တခုခုတော့ထူးမည်ဆိုတာ… ကမ္ဘာပျက်မည်ဆိုရအောင်ကလဲ  အရိပ်အငွေ့တောင်မသန်း…. ဘေးဒုက္ခတွေလဲ မကြားရ…. မနက်ကတည်းက ထူးခြားသတင်းကိုတမျှော်မျှော်နဲ့ နေ့လည် တစ်နာရီထိုးလေသည်…။ အချိန်လဲ လွန်ပြီ၊ နေ့လည်စာလဲ စားပြီးပြီ ၊ သုံးလိပ်မြောက်စီးကရက်လဲသောက်ပြီးပြီ… ကမ္ဘာလဲမပျက်၊ ငလျှင်လဲမလှုပ်၊ သွေးလဲမတိုး ၊ ခေါင်းလဲမကိုက် ထရစ်ပယ်ဝမ်းတူးကြီးကို ကျော်ခဲ့ပြီအထင်…… ဖုံးမည်သံကြားလို့ ကောက်ကြည့်လိုက်တော့ ရဲဘော်ရဲဘက်မိတ်ဆွေကြီး… ထူးခြားတဲ့နေ့မှာ ထူးထူးခြားခြား ဖုံးဆက်လေသည်မို့ ဝမ်းသာအားရကောက်အကိုင်….. သတင်းထူးတခုကို ကောက်ကာငင်ကာပြောလာပါသည်…။ ညီငယ်လို ခင်မင်သူတယောက်  ကားအက်ဆီးဒင့်ဖြစ်သည့်သတင်း…. ညီဆိုပေမယ့်  ကိုယ့်သားအရွယ်လောက်ရှိတာပါ… ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးပြီး ဘဝခရီးကိုလျှောက်လှမ်းနေသူကလေး… မျက်စိထဲ ပြာကနဲဖြစ်သွားပြီး လက်ဆွဲအိတ်ကလေးကောက်ဆွဲကာ ဆေးရုံလိုက်ရတော့သည်..။ လမ်းမှာစဉ်းစားမိတာကတော့  ဘယ်ကားတိုက်သွားသလဲပဲ တိုက်တဲ့သူရောမိရဲ့လား၊  […]