ဝါကျွတ်ပြီဆိုမှဖြင့် မင်္ဂလာဆောင်ဖိတ်စာတွေက တဖွဲဖွဲရောက်လို့လာသည်……..။ အရင်တုန်းကတော့ ဖိတ်စာတွေ ဒီလောက်များလာရင် ညည်းတွားချင်မိသည်…. ခွန်နှစ်ရက်သားသမီးတွေ ဆောင်နိုင်လွန်းလှချည့်လား…လို့ မျက်စောင်းထိုးမိသည်…။ အဲသည်တုန်းကတော့ ကိုယ်ကလဲ မအား…၊ ငွေကြေးကလဲမပြည့်စုံမလောက်ငှ၊ လူ မှု့ရေးတွေကလဲ နေ့စဉ်လိုလို…. အခုတော့ အဲဒါတွေကျော်လွန်သွားခဲ့ပြီ….. အသက်ကရလာသလို၊ ကျင်လည်ရာလူမှု့အသိုင်းအဝိုင်းတွေဆီက ဖဲကျဉ်ဖြစ်လာတော့ အတော်လေးအထီးကျန်သလိုဖြစ်နေပါပြီ..။ လူထဲသွားချင်လွန်းလို့ ကိုယ့်ကိုအဖက်လုပ်ခေါ်ပြောတာခံချင်လွန်းလို့ တနေ့တနေ့ အလှူ၊မင်္ဂလာဆောင်တွေကိုသာမျှော်မိသည်..။ အခုရာသီလို် မင်္ဂလာဆောင်ဖိတ်စာလေးများလှိုင်လှိုင်ရတဲ့အခါမတော့ ဦးပါလေရာတို့ ပီတိဖြစ်လို့မဆုံး……. ဒီနေ့လဲ မင်္ဂလာဆောင်တပွဲသွားဖို့ အဝတ်အစားသန့်သန့်လေးဝတ်ပြီး အိမ်ကဆင်းလေသည်…… ကားပါကင်ခက်မယ့်နေရာမို့ တက္ကစီပဲစီးမည်။ အခုနောက်ပိုင်းတော့ တက္ကစီကားသစ်သန့်သန့်လေးတွေကလဲ လက်ညှိုးထိုးမလွဲအောင် များလှသည်မဟုတ်လား…။ ဒီလိုအတွေးနဲ့ စမ်းချောင်းတိုက်ခန်းပေါ်ကဆင်းပြီး ကြွကြွရွရွလေး လမ်းမအလည်ကခပ်ဖွဖွလျှောက်ကာ လမ်းထိပ်သို့အသွား….. “ ဗြန်း……………. […]