– ခရီးအစ…………………….. စိတ်ထဲ မရိုးမရွ ခုလုခုလုနဲ့…. ပြောချင်လိုက်တာနော်  … ပြောချင်လိုက်တာ… ဒါပေသိ အခုတလော ဘယ်သူနဲ့မှ စကားပြောဘို့က မကြုံ.. ကိုချောနဲ့ကလဲ တစ်လောကမှ စိတ်တိုင်းကျမှာ လေပစ်ထားတာ.. ကိုမိုက်နဲ့ကလဲ တကူးတက မတွေ့ဖြစ်.. အခြားငယ်ပေါင်း ကြီးပေါင်းများနဲ့လဲ မိုးတစိမ့်စိမ့်မို့ ချိန်းဟဲ့ ဆုံဟဲ့မလုပ်ဖြစ်.. လုပ်ဖြစ်သည်ပဲထား… သူတို့စိတ်ဝင်စားတာက တမျိုး ကိုယ်ပြောချင်တာကတဘာသာ.. … ဒီလို့နဲ့စဉ်းစားရင်း လူငယ်တစ်ယောက်ကို သတိရမိသည် သူ့ခမျာ ဗုဒ္ဓဘာသာလဲဖြစ်ချင် ဗုဒ္ဓဘာသာထဲက အကြောင်းတွေကိုလဲ တစ်ခုမှ အစာမကြေ.. သူနဲ့ ပြောဖြစ်လိုက်မှဖြင့် တစ်စိတ်က တစ်အိတ်- လျှောမွေးကို ဗာရာဏသီချဲ့ပြီး ဩကာသတပုဒ်ကို လဘက်ရည်ဆိုင် ခြောက်ခါထိုင်လောက်ရှင်းယူရသည်။ သူနဲ့ပြောချင်ရင်တော့ သူ့ကိုခေါ်လို့ ချိန်းလို့ မရ… သူ့ဆီသွားရမည်……. ဟုတ်သည်.. သူ့ဆီရောက်ဖို့ […]


သူ ခြေလှမ်းကျဲကျဲနဲ့ မှန်မှန်ဖြတ်လျှောက်သွားတဲ့ ကမ်းခြေတစ်လျှောက် မှာ နေဆာလှုံနေတဲ့ မိန်းမပျိုလေးတွေ ခေါင်းထောင်ကြည့် လှမ်းမျှော်ကြည့် ငေးမောကြည့်ရစ်ကြမှာကို သိနေလျှက်နဲ့ ဘာကိုမှ ဂရုမစိုက်ပဲ ရှေ့ကိုပဲကြည့်ပြီး ဆက်လျှောက်သွားဖြစ်သည်။ အဲဒါတောင်မှ ရှေ့  ခပ်လှမ်းလှမ်းက ရွှေဝါရောင်ဆံပင်နဲ့မိန်းမချောလေး ဖြတ်ကနဲလှမ်းကြည့်လိုက်တာကို မြင်ဖြစ်အောင်မြင်မိလိုက်သေးသည်။   သူမအနီး နှစ်လှမ်းအကွာလောက်အရောက်မှာတော့ သူမက ရုတ်တရက် ထ ရပ်ပြီး လှည့်အထွက် ပန်းရောင်ကာဗာနဲ့ဖုန်းကလေး ကျ ကျန်ရစ်သည်။ သူက ခြေလှမ်းကျဲကျဲဖြင့် သွားနေရင်းမှ ဖုန်းကလေးကို ကောက်ကာ တဆက်တည်း ရှေ့ကိုလှမ်း၍ သူမရဲ့လက်ကလေးကို လှမ်းဆွဲရပ်တန့်စေလိုက်သည်။ “နောက်ဆို ဒီလို ဖုန်းကလေးတွေကို ခဏခဏ တမင်လွှတ်မချနဲ့နော်..။ ဒါက အိုင်ဖုန်းမို့လို့…..။ ဟွာဝေးသာဆိုရင် မော်ဒယ်ချိန်းလိုက်ရပြီ…. ” နဲနဲလေးမှ ရှက်ကိုးရှက်ကန်းဖြစ်မသွားတဲ့သူမက ရယ်ကျဲကျဲ ညုတုတုလေးပြုံးရင်း […]


                          သင်္ကြန်တော့ ရောက်ပြန်ပြီ… ဆိုတော့ကာ….   ဒီအချိန်မျိုးဆိုမှဖြင့် ကျုပ်လို အဘိုးကြီးများ တယ်…အထီးကျန်သကိုး…….. အိမ်ရှိလူအပေါင်းက  ဆိုင်ရာဆိုင်ရာကိစ္စတွေအသီးသီးနဲ့- သင်္ကြန်တွင်းအတွက် စားရေးသောက်ရေး ပြင်သူကပြင်… အခြောက်အခြမ်း မုန့်ပဲစားဖွယ်  ရှာဝယ်သူကဝယ်…. လည်ဖို့ပတ်ဖို့ ချိန်းကြ… ဆိုကြ… ဝယ်ကြ… ခြမ်းကြ…. အဲဒီအချိန်မျိုးမှာ ရေနွေးတစ်အိုးနဲ့ ချောင်ထိုးခံရတာကတော့ လူကြီးတွေပဲဖြစ်ပါတယ်။ ဒီလူကြီးတွေကလဲ အားကျမခံ ဘုန်းကြီးကျောင်းသွားဖို့ ဥပုသ်စောင့်ဖို့ ရိပ်သာဝင်ဖို့ လှူရေးတန်းရေးလုပ်ဖို့ စသည်…. စသည်….ဖြင့်  ကိုယ့်ထွက်ပေါက် ကိုယ်ရှာကြရတာပေါ့……။ ခက်တာက ကျုပ်ကလဲ ကြီးမလိမ္မာ ဆိုတော့.. အဲဒါတွေလုပ်ဖို့  ပျင်းတယ်ဗျ… ဒီတော့… ဒီလုပ်လုပ်မယ်ဗျာ….. […]


                        ငယ်ငယ်က ကြားဖူးတာလေး တစ်ခုရှိတယ်..။ ဘိုးတော်ဘုရားလို့ခေါ်တဲ့ ဘုရင်အပါးမှာ စကားအရာလိမ္မာတဲ့ အမတ်တစ်ဦးရှိသတဲ့…. အာဏာရှင်ဘုရင်ခေတ်ဆိုတော့ စကားတစ်ခွန်းမှားရင် ခေါင်းပြတ်သွားနိုင်တာကလား.. ဒါ့ကြောင့် စကားမမှားရအောင် ဆိုလိုရင်းအဓိပ္ပါယ်ကို ဥပမာဥပမေယျတွေနဲ့ ဖွက်ပြီးပြောရတယ်… အဲဒါ အဖွက်ကောင်းလွန်းတော့ သူဘာပြောတယ်ဆိုတာ ဘယ်သူမှမသိပဲဖြစ်ဖြစ်နေလို့ ငယ်ငယ်ကတည်းကရင်းနှီးလာတဲ့ မိဖုရားကြီးက ခေါ်ဆုံးမသတဲ့. “ ဟဲ့…ငကျော်ရွေး… ပြောစရာရှိတာကို လူသိစေချင်ရင် သိအောင်ပြောဟဲ့… မသိစေချင်ရင် နင့်ဟာနင်အောင့်ထား….. စကားပေါတယ်ထင်လို့ နင့် လူမလေးစားရင် နင့်အရှင်တွေပါ မျက်နှာပျက်ရသဟဲ့… ”  …ဆိုပဲ အင်း….  ကြားဖူးတာလေးပါ…   ဘာနဲ့စကားအစချီရမှန်းမသိလို့ ဘာမှမဆိုင်တာနဲ့ အစချီကြည့်တာပါ.. တကယ်ပြောချင်တာက  […]