ဂေါတမဗုဒ္ဓ အမည်တော်ရင်းက သိဒ္ဓတ္တမင်းသားဖြစ်ပါတယ်။ကမ္ဘာ့အကြီးဆုံးဘာသာအယူဝါဒတွေထဲမှာပါတဲ့ ဗုဒ္ဓသာသနာကိုစတင်ပျိုးထောင်သူကျေးဇူးရှင်ဖြစ်ပါတယ်။နီပေါ နဲ ့နယ်စပ်ယှက်တင်နေတဲ့ အရှေ ့မြောက်အိန္ဒိယမြို ့တော် ကပ္ပိလဝတ္တုဘုရင့်သားတော်သိဒ္ဓတ္တဟာ ဂေါတမအမျိုး သာကိယ(သကျSakya)အနွယ်ဝင်ဖြစ်ပြီး အခုနီပေါနယ်စပ်အဝင် လုမ္ဗိနီမှာ ခရစ်တော်မပေါ်မီ ၅၆၃ ကမွေးဖွားခဲ့ပါတယ်။အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်တော့ ရွယ်တူနှမတော်နဲ ့လက်ဆက်ပြီးကြီးစွာသောမင်းစည်းစိမ်ကိုခံစားပြီးနေရသော်လည်း စိတ်မပျော်မွေ ့ပါ။ လူသားအများစုဟာ ဆင်းရဲဒုက္ခကြုံတွေ ့နေရပြီး အမြဲသဖြင့်လိုရာမရဖြစ်နေရပါတယ်။လူတစ်ချို ့ဟာချမ်းသာတယ်လို ့ဆိုရတာတောင် မကြာခဏစိတ်ပျက်စရာ၊မနှစ်သက်စရာကိစ္စတွေကြုံရသေးတယ်။ရောဂါဝေဒနာ တစ်မျိုးပြီးတစ်မျိုးကြုံရပြီး၊သေခြင်းဆင်းရဲ ကိုဘယ်သူမှမလွန်ဆန်နိုင်ပါ။ခုလိုအခိုက်အတန် ့နှစ်သက်ဖွယ်တွေကို အိုနာသေဘေးတွေက မကြာမီလွှမ်းမိုးသွားတာဘဲလို ့တွေးတယ်။ သက်တော်နှစ်ဆယ့်ကိုး၊သားဦးရတဲ့အခါ ဂေါတမက ခုလက်ရှိအနေအထိုင်ကိုစွန် ့ချိန်တန်ပြီလို ့ဆုံးဖြတ်တယ်။အမှန်တရားကိုစူးစူးစိုက်စိုက်ရှာဖွေသင့်ပြီ ဆိုတဲ့အကြံနဲ ့နန်းတော်ကိုစွန် ့တယ်။ဇနီးကိုထားခဲ့တယ်။သားကို ပစ်ခဲ့တယ်။လူ ့ဘဝပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာတွေ ကိုထားခဲ့ပြီး ပစ္စည်းမဲ့ခရီး လှည့်လည်သွားလာနေသူဖြစ်ခဲ့တယ်။ခေတ်အခါအလျှောက် ပညာရှိ၊လူသူတော်အချို ့နဲ ့တွဲဖက်ပြီး ကျင့်စဉ်အချို ့ကိုလိုက်ကျင့်တယ်။သူတို ့နည်းကိုသိတော့ အတိမ်အနက်ကိုကြံဆတယ်။လူ ့ဘဝဒုက္ခတွေကို ဖြေဖျောက်ငြိမ်းအေးစေတဲ့ နည်းတွေ မဟုတ်ဘူးလို ့သိတယ်။အလွန်အကဲ ခြိုးခြံနိုင်မှ တရားမှန်ကို ရနိုင်မယ်လို ့အများတကာထင်နေကြတာကို အရှင်ဂေါတမက လိုက်ပြီးသူတော်စင်တွေလိုဘဲ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်ခြိုးခြံတဲ့အကျင့်ကိုကျင့်တယ်။ခန္ဓာကိုယ်ကို ညှည်းတဲ့ အလုပ်တွေအများကြီးပါတယ်။နောက်တော့ ဒီလိုသာ ခန္ဓာကိုယ် ကို နှိပ်စက်နေရင် ဦးနှောက်အမြင် မကြည်လင်ဘဲသစ္စာတရားနဲ ့ဝေးသထက်ဝေးလာမယ်လို ့သိလာတယ်။ဒါကြောင့်ပြင်းထန်လှတဲ့ ကျင့်ဝတ်ကိုစွန် ့ပြီး စားသောက်ဖွယ်တွေကို […]