zawthulayAugust 1, 20111min21610
တစ်ခါတုန်းက ဖိုးနုံဆိုတဲ့ကောင်လေးတစ်ယောက်ရှိသတဲ့.. သူကအရမ်းနုံလွန်း၊ အလွန်းသတဲ့ကွယ်.. တစ်နေ့မှာ သူ့ရဲ့အဖေနဲ့အမေရန်ဖြစ်ကြပီး စိတ်ဆိုးနေကြသတဲ့ကွယ်.. အဲဒါကို ဖိုးနုံက အလိုက်မသိပဲ သူ့အမေမီးဖိုချောင်ထဲမှာ အလုပ်ရှုတ်နေတုန်း သူက ကူညီပေးမယ်ဆိုပြီး ပန်းကန်ဆေးပေးသတဲ့ ပြီးတဲ့အခါ ပန်းကန်ကို သူ့အမေရှေ့ကိုင်သွားပြီး  `အမေပန်းကန်ဘယ်မှာထားရမလဲ ` လို့မေးလိုက်တော့ သူ့အမေက စိတ်ဆိုးဆိုးနဲ့ `ပန်းကန်တောင်ဘယ်နေရာထားရမှန်းမသိတဲ့ဟာလေး ငါ့ခေါင်းပေါ်တင်သာထားလိုက်တော့လို့ `ရွဲ့ ပြောလိုက်တာကို သူက သူ့အမေပြောစကားကိုသေချာ နားထောင်ပြီး သူ့အမေခေါင်းပေါ်တင်ထားလိုက်တာ သူ့အမေခေါင်းကွဲပါလေရော  …….. ဒါလေးကတော့ ရယ်စရာနှောတဲ့ ပညာပေးလေးပါ.. ဘယ်လိုပညာပေးလဲဆိုတော့ အရာရာကို နုံနုံ၊ အအ မလုပ်ဖို့ သတိပေးလိုပါတယ်..