လက်မဲ့၊ ဘာမှမရှိ၊- အားကိုးရာမဲ့နေကြတဲ့ ကျွန်တော်တို့နိုင်ငံသားအားလုံးအတွက် ကျွန်တော်တို့၊ မိတ်ဆွေတို့ အ ကုန်လုံးမှာ ကိုယ်စီကိုယ်ငှ လုပ်နိုင်တာလေးတွေကနေစပြီးလုပ်ကြရင် ကောင်းမွန်တဲ့ လမ်းစတွေပေါ်လာနိုင်မှာပါ။ ဘာမှမပါရှိတဲ့လက်တွေအားလုံးစုစည်းညီညွတ်လာကြရင် အဲ့ဒီပေါင်းစည်းတဲ့အားကို ဘယ်လက်နက်၊ ဘယ်မတ ရားမှုကမှ ဖိနှိပ်လို့ရေရှည်ရမှာမဟုတ်ပါဘူး။ ဒါဖြင့်ဘာဖြစ်လို့အခုအချိန်အထိ ကျနော်တို့တွေအားလုံး ဒီဖိနှိပ်မှု အောက်မှာနေနေရသေးလဲဆိုပြီးတော့ မေးချင်မေးကြပါလိမ့်မယ်။ တကယ်က အားလုံးပါဝင်ကြရမဲ့အချိန်မှာ  အကုန်လုံး မပါကြသေးပဲ ဘေးက ပွဲကြည့်ပရိတ်သတ်လိုပဲ ရပ်ကြည့်နေခဲ့ကြလို့ပါ။  တကယ်လို့သာ အားလုံး တ ညီတညာတည်း စုပေါင်းညီညီညွတ်ညွတ်ပါဝင်ကြမယ်ဆိုရင် တနိုင်ငံလုံးမှာ ကျွန်တော်တို့လက်မဲ့၊ ခွန်အားမဲ့တဲ့ သူတွေအားလုံးပါဝင်ကြပြီး ခွန်အားဖြစ်လာပါလိမ့်မယ်။  အားလုံးက သူလုပ်နိုးနိုး၊ ကိုယ်လုပ်နိုးနိုးနဲ့ ကိုယ့်မိသား စုအတွက်ပဲအရေးထားပြီး သူများလုပ်တာကို ပွဲကြည့်ပရိတ်သတ်လိုပဲ ရပ်ကြည့်ကြရင်တော့ အားလုံးပဲ အခုလိုဘဝဆိုးထဲက လွတ်မြောက်တော့မှာမဟုတ်ပါဘူး။ အားလုံး၊ လက်တွဲညီညီနဲ့ အသိစိတ်ဓါတ်ရှိရှိပါဝင်ကြမှပဲ အားလုံး […]