ဒီစာကို ကျွန်တော်အွန်လိုင်းပေါ်မှာပဲ ရေးဖြစ်တာပါ။ လို့လဲဆိုတော့ကျွန်တော်က စာရေးပျင်းပါတယ်။ ပြိးတော့စာရေးဖို့ နေရာ စာအုပ် ဘာညာနဲ့ မျက်စေ့အတွက်လည်းအဆင်မပြေလို့ပါ။ (၁) ၁၉၈ဝ ကျော်လောက်က ကွယ်လွန်သူစာရေးဆရာမ တစ်ဦးရဲ့ ” မရဲတရဲ ဘာဝယ်မလဲရှင့်” ဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကို သတိရတယ်။ ဘာအကြောင်းရေးထားထာလဲ ဆိုတော့ ဝန်ထမ်းတွေလစာ တိုးပေးမယ် ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာပြီး ကုန်ဈေးနှုန်းတွေတက်သွားလို့ စာရေးကြီးကတာ် တစ်ယောက် ဈေးထဲမှာ ဟိုဟာမေးကြည့်လိုက်ပြန်ချထားခဲ့လိုက် ဒီဟာဈေးမေးလိုက် လက်ထဲကပိုက်ဆံက အခြားဦးစားပေးဝယ်ရမှာသတိရပြီး ထားခဲလိုက်ရနဲ့ ဘာမှမဝယ်ဖြစ်ပဲ ဈေးခြင်းဆွဲပြီး အစဉ်းစားလွန်ပြီး အိမ်ကိုဒီအတိုင်းပြန်ရောက်လာတာလေးကို ရေးဖွဲ့ထားတာလေးပါ။ ကျွန်တော်ရဲ့ဇာတ်လိုက်ကတော့ ဈေးဝယ်ဖို့ထွက်အလာမှာ ဈေးပေါက်ဝအရောက် နေ့ပြန်တိုး နှစ်ရက်စာ အတောင်းခံလိုက်ရလို့ ဈေးခြင်းဟောင်းလောင်းနဲ့ အိမ်ကိုပြန်ရောက်လာလေရဲ့။ “ဟင် အမေ ဈေးသွားတာ ဘာမှလဲမပါဘူး” သားဖြစ်သူကို စူးစူးရဲရဲကြည့်လို့ […]