mihninlayMay 31, 20111min41219
လောကလူသားတိုင်မှာ ကိလေသာသုံးမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ အဲဒါတွေကတော့ ၁။အနုသယကိလေသာ- လောကလူသားတွေရဲ့သန္တာန်မှာ ပဋိသန္ဓေတည်ကတည်းက ပါလာတဲ့ကိလေသာမျိုးကိုတော့ အနုသယကိလေသာလို့ခေါ်ပါတယ်။ ၂။ပရိယုဌာနကိလေသာ-လောကလူသားတွေ အာရုံတစ်ခုကို တွေ့မြင်ပြီး ထကြွသောင်းကျန်းသောကိလေသာမျိုးကိုတော့ ပရိယုဌာနကိလေသာလို့ခေါ်ပါတယ်။ ၃။ဝီတိက္ကမကိလေသာ-လောကလူသားတွေ အာရုံတစ်ခုကို တွေ့မြင်ပြီး ထကြွသောင်းကျန်းရုံတင်မက လွန်ကျူးမူအဆင့်ထိရောက်သွားတဲ့ကိလေသာမျိုးကိုတော့ ဝီတိက္ကမကိလေသာလို့ခေါ်ပါတယ်။ ဒီစကားလေးတွေကို ဘာကြောင့်ပလ္လင်ခံနေရသလဲဆိုတော့ စာရေးသူ သီဟိုဠိခေတ် စံတော်ဝင်အရိယာများ ဆိုတဲ့စာအုပ်ကိုဖတ်နေစဉ် အသက်(၆၀)ပြည့်မှလူထွက်သွားသော သီဟိုဠ်မထေရ်ကြီးတစ်ပါးအကြောင်းကိုဖတ်မိတယ်။ ဇာတ်သိမ်းပိုင်းအထိဖတ်ကြည့်လိုက်တော့ အထက်ပါ ကိလေသာသုံးမျိုးမှ ဝီတိက္ကမကိလေသာကိုမလွန်ဆန်နိုင်၍ လူထွက်သွားရတာကိုသိလိုက်ရပါတယ်။ အဲဒီသီဟိုဠ်ဇာတ်လမ်းလေးကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ စာဖတ်သူကိုလဲ သိစေချင်တာနဲ့ ဒီဆောင်းပါးလေးကို တင်ပြလိုက်ရပါတယ်။ ဒုဌဂါမဏိမင်းးကြီးရဲ့ ငရုတ်သီးတတောင့်ကျောင်းရေစက်ချပွဲလေးဟာ အလွန်မတန်အံ့ဩဖွယ်ကောင်းသလို ရေစက်ချပွဲ၏ နောက်ဆက်တွဲဖြစ်ရပ်ကလေးကလဲထူးဆန်းလှပါတယ်။ အဲဒီရေစက်ချပွဲ၌ ရဟန်းတော်တသိန်း၊ ရဟန်းမကိုးသောင်းပင့်ဖိတ်၍ လှူဘွယ်ဝတ္ထုအစရှိသော ပစ္စည်းများလှူခဲ့ပါတယ်။ တကယ်တမ်းတော့ ဒုဌဂါမဏိမင်းကြီးဟာ သိတတ်တဲ့အရွယ်ကစပြီး စားဦးကိုမလှူဘဲ ထမင်းစားလေ့မရှိပါဘူးတဲ့။ ဒီလိုနဲ့ […]