Ma MaDecember 4, 20131min83542
ပန်ပန်ရဲ့ ဟီရိုရှီးမားရောက်တုန်းက ပို့စ် မှာ ရေးထားတဲ့ ပြတိုက်ဝင်ကြေး ၅ဝယန်း (မြန်မာငွေ၅၀ဝကျပ်၊ ရန်ကုန်တိရစာ္ဆန်ဥယျာဉ်ဝင်ကြေးရဲ့ထက်ဝက်ကြီးများတောင်သက်သာဒယ်)။ ကို ဖတ်မိပြီး ဒီပို့စ်လေးဖြစ်လာပါတယ်။ တူတွေ တူမတွေရောက်နေတာနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မိသားစုတွေ မြို့ ထဲထွက်လည်ဖို့ စီစဉ်ဖြစ်တယ်။ ကြုံတုန်း ပြောရရင် ……… ဒေါ်စုပုံနဲ့ ပြက္ခဒိန်ကို လက်ပွေ့သမားတွေက ၄၀၀ဝ နဲ့ ရောင်းနေတယ်။ မြို့ ထဲကဆိုင်တွေမှာဆို သက်သာလိမ့်မယ်ထင်လို့ မေးကြည့်တော့ ၃၅၀ဝတဲ့။ အဲဒီပြက္ခဒိန်ကို ဗဟန်းက တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ တစ်စောင် ၂၅၀ဝ နဲ့ ရောင်းနေတယ်ဆိုတဲ့အကြောင်း ဒေါ်စုပုံနဲ့ ပြက္ခဒိန်လိုချင်ရင် ဈေးနှုန်းသက်သက်သာသာနဲ့ ရပါစေကြောင်း သတင်းကောင်းပါးပါတယ်။ ဒါက လျှာရှည်တတ်တဲ့အကျင့်ကြောင့် နိဒါန်းနဲ့တင်ရှည်နေတာ။ ရေးချင်တာက ခုမှစမယ်။ လျှောက်လည်တဲ့အစီအစဉ်မှာ ပထမဦးဆုံးအနေနဲ့ မနက်စောစော ရွှေတိဂုံဘုရားက ရှင်ဥပဂုတ္တကန်မှာ […]