နွယ်ပင်December 29, 20101min1506
၂၀၀၁ ခုနှစ်အတွင်းတခုသောနေ့လယ်ခင်းမှာ သတင်းအရ ရန်ကုန်မြို့အတွင်း မူးယစ် ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့ အုပ်စုတခုက်ိုဖမ်ဆီးဖို့ ရန်ကုန်တိုင်း ဒုစရိုက်နှိမ်နှင်းရေး ရဲ တပ်ဖွဲ့ (ဒန) တပ်ဖွဲ့ဝင်တွေတပ် ဖြန့်လှုပ်ရှားနေပါတယ်။ အဲဒီအချိန်မှာ စားသောက်ဆိုင် တခုရှေ့မှာ ဆိုင်ကယ်တစီးထိုးရပ်လာပြီး ကျောပိုးအိတ်နဲ့ လူရွယ်တဦးဆိုင်ထဲကို ဝင် ရောက်လာကာ စားပွဲဝိုင်းလွတ်တခုမှာ ထိုင်ရင်း တစုံတဦးကိုစောင့်ဆိုင်းနေပါတယ်။ ဆိုင်ထဲမှာ အသင့်စောင်ကြည့်နေတဲ့ ရဲထောက်လှမ်းရေတွေက သူ့ကိုမသကာင်္လို့ ရှာဖွေ စစ်ဆေးကြည့်တဲ့အခါ ကျောပိုးအိတ်အတွင်မှာ ဘိန်းဖြူထုပ်အချို့ လျှို့ဝှက်ယူဆောင် လာတာကို ဖမ်းဆီးရမိလို်က်ပါတယ်။ ဆက်လက် ရှာဖွေကြည့်တဲ့အခါ အဲဒီ လူရွယ်ကိုုင် ဆောင်ထားတဲ့ Identity Card ဟာ တပ်မတော်အရာရှိ စီစစ်ရေးကဒ်ပြားဖြစ်နေပြီး အ ရာရှိ အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ထပ်မံတွေ့ရှိရတာကြောင့် ရဲထောက်လှမ်း ရေးတွေ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားရပါတယ်။ ဒီလိုနဲ့ […]