moonpoemJune 23, 20141min4039
အသက်၁၆နှစ်ကနေ အသက်၁၈နှစ်အရွယ်အတွင်း ကောင်လေးတွေကောင်မလေး တွေအချင်းချင်းစကားပြောနေ ရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ ရှက်ကိုးရှက်ကန်းအပြုံး။ ရိုးရိုးသားသားရှက်လို့ပြုံးမိတာမျိုးကိုခေါ်တာ။ အသက်၁၉နှစ်ကနေ အသက်၂၃နှစ်အရွယ်အတွင်း ကောင်လေးတွေကောင်မလေး တွေအချင်းချင်းစကားပြောနေ ရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ မခို့တရို့အပြုံး။သွားလူဆိုး ဆိုပြီး တွန်းလိုက် တိုက်လိုက်နဲ့ ကြိတ်ပြုံးလေးပြုံးမိကြတာကို ခေါ်တာ။ အသက်၂၄နှစ်ကနေ အသက်၂ရနှစ်အရွယ်အတွင်း ကောင်လေးတွေကောင်မလေး တွေအချင်းချင်းစကားပြောနေ ရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ ငါးခူအပြုံး။ဒီလောက်ဆိုရင် လည်း မဆိုးပါဘူး။ဂေါ်လိုက်ရင် ရနိုင်မဟဲ့လို့ တွေးပြီးပျော်လို့ အပေါ်နှုတ်ခမ်းလေးကွေးပြီး ပြုံးမိကြတယ်နဲ့ တူပါရဲ့။ အသက်၂၈နှစ်ကနေ အသက်၃၅နှစ်အရွယ်အတွင်း ကိုကိုတွေ မမတွေအချင်းချင်း စကားပြောနေရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ တပ်ကြပ်ကြီးအပြုံး။ကြာလှပြီ ငါ့ဘဝ အခုတော့ ထူးတော့မလားမသိဆိုပြီး ်မိန့်မိန့်ကြီး ပြုံးမိကြတယ်နဲ့ တူပါရဲ့။ […]