ေရႊညာသားSeptember 14, 20111min27512
ပြောရရင်တော့ အံဩစရာကြီးပါ။လွှတ်တော်ထဲမှာ ဆူဆူညံညံနဲ့ တင်ပြနေတာတွေ အဆိုတင်သွင်းနေကြတာတွေကိုတွေ့ရတော့ ဝမ်းလည်းသာမိပါရဲ့ ။ တကယ်ရော တရားစီရင်ရေး ၊ ဥပဒေပြုရေး ဆိုတာတွေဖြစ်လာနေပြီလားပေါ့။ဘာကြောင့် ရွှေညာသားတို့ပြော ရသလိုဆိုအကြောင်းရှိပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်လောက်က မိတ်ဆွေတစ်ယောက်ပြောလို့ တရားသူကြီးတွေလာဘ်စားတဲ့ အကြောင်းများ  ကြောက်စရာကြီးပါ။ နယ်မြို့တစ်မြို့ပါ။စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်နားကဗျာ။ တိတိကျကျပြောရရင်  (    ——–  ) မြို့ဗျာ။ အဲဒီ့မှာ တာဝန်ကျတဲ့ တရားသူကြီးမက လာဘ်စားချက်ကတော့ အံဩစရာကြီး။ဒု – မြို့နယ်တရားသူကြီးမပါ။ဒေါ်နွဲ့နွဲ့ဝင်းတဲ့။အခုတော့ ဘယ်ပြောင်းသွားလည်းမသိဘူး။သူတို့ လောကကတော့ သိကြမှာပါ။ မိန်းကလေးတွေ အသရေပျက်လို့ တရားစွဲတာကို ငွေတစ်ထာင်ပဲဒဏ်ရိုက် တော်မူပါတယ်။ပြီးတော့အမှု့ကို (၆)လခန့်ကြာအောင်အချိန်ဆွဲသလို ရုံးတော်မှာ လည်း မျက်နှာလိုက်တာတွေ အများကြီးပါ။ ပြီးတော့ ကျွဲမှု့ ၊ နွားမှု့ ၊ သစ်မှု့ တွေကိုတော့ အာဏာပိုင်တွေနဲ့ […]