weiweiDecember 6, 20101min23820
ပြီးခဲ့တဲ့ နွေရာသီတုန်းက အဖေ အမေတို့နဲ့ အတူတူ တရုတ်ပြည်ထဲလျှောက်လည်ရင်း အမေ့ကို စိတ်ဝင်စားစရာတစ်ခု ပြခဲ့ဖူးတယ်။ လူစည်ကားရာ စူပါမတ်ကတ်တွေ၊ လမ်းဘေးပလက်ဖောင်းတွေနဲ့ ဘက်စ်ကားတွေပေါ်မှာ တရုတ်စုံတွဲတွေ အများကြီး တွေ့ရတယ်။ အမေ့ကိုပြောပြလိုက်တယ် … သူတို့ကိုကြည့်တာနဲ့ လက်မထပ်မှီလား လက်ထပ်ပြီးလားဆိုတာ သိနိုင်တယ်လို့ဆိုတော့  အမေက စိတ်ဝင်စားသွားတယ် … ခွဲရတာ သိပ်လွယ်ပါတယ် … အမျိုးသမီးကိုင် စလင်းဘတ်အိပ်ကို အမျိုးသားကလွယ်ထားမယ်၊ အထုပ်အပိုးတွေအားလုံးကို ကိုင်ထားမယ်၊ အမျိုးသမီးလက်ထဲမှာတော့ စားစရာမုန့်တစ်ခုပဲ ရှိမယ်ဆိုရင် သမီးရည်းစားပါလို့ …. အဲဒါနဲ့ ပြောင်းပြန်ဆိုရင်တော့ လင်မယားပါပဲ … အဲဒီလို အမြင်မတော်အောင် စလင်းဘတ်အိတ်လွယ်တဲ့ ယောက်ျားတွေက တရုတ်ပြည်မှာ အလွန်ပေါပါတယ် … တရုတ်မသူငယ်ချင်းတစ်ယောက်ကိုမေးကြည့်တော့မှ ပိုဆိုးတော့တယ် … တရုတ်ကောင်လေးတွေက ရည်းစားထားရင် ကောင်မလေးကို […]