VisesaSeptember 20, 20101min1222
တရုတ်ပြည်၊ ကူမင်းမြို ့၊ ယူနန်တက္ကသို်လ်မှာ ဆွမ်းအလှူ။ ၁၃၇၂-ခု၊တော်သလင်းလဆန်း(၉)ရက်၊၁၇၊၉၊၂၀၁၀(သောံကြာနေ ့)၊CNT-၁ဝး၄၂ နာရီ။ ယနေ ့သောကြာနေ ့ပင်ဖြစ်သော်လည်း အတန်းတက် စာသင်စရာမရှိသောကြောင့် အခန်းထဲမှာပင် အေးအေးဆေးဆေးဖြစ်နေပါသည်။ကွန်ပျူတာကိုဖွင့်ထားကာ မနေ ့က ကူးထားသော တရုတ်ဘာသာပြန် တရားစာများကိုပြန်ကြည့်နေမိသည်။အခန်းဖေါ်ဖြစ်သူ နောနော်ကတော့ အိပ်စက်နေဆဲဖြစ်ပါသည်။မိမိသည် တရုတ်စာဖြင့် သင်ကြားသောဘာသာ ဗေဒ(语言学)ကိုလေ့လာသင်ယူနေသော်လည်း ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်သော ကြောင့် ၊ပြုစုတင်သွင်းရမည့် စာတမ်း( 论文 )မှာ ဗုဒ္ဓကျမ်းစာတစ်ခုထဲမှ ဝေါဟာရများကို ခွဲခြမ်းစိပ်ဖြာ၍ တင်သွင်းရမည်ဖြစ်ပါသည်။ပထမနှစ်သင်တန်းများတွင် စာတမ်းပြုစုရန် အ ထောက်အကူဖြစ်မည့် ဘာသာရပ်များနှင့် တရုတ်စာဖြင့်စာတမ်းပြုစုနိုင်ရန်အကြောင်းအချက် များကို သင်ယူခဲ့ရပါသည်။ယခု ဒုတိယနှစ် စာသင်ချိန်များတွင်မူ စာသင်အတန်းတက်ချိန် နည်းပါးလာ၍ ၊ စာတမ်းအတွက်အထောက်အပံ့ ဖြစ်မည့် စာအုပ်၊စာတမ်း၊အကြောင်းအရာ များကို ဖတ်ရှုလေ့လာရန် အချိန်ပေးထားပါသည်။မိမိသည် မြန်မာပြည်မှယူလာခဲ့သော ဗုဒ္ဓ […]