thit minDecember 8, 20111min93421
အပိုင်းနှစ်ကိုဆက်မပြောခင်အရင်ဟာလေးကိုနဲနဲရှင်းပါရစေ။ ၁။အသက်ရှင်သန်နေနိုင်မှု (Sustenance) ၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem) ၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude) ဆိုတဲ့ ၃ မျိုးသော ဖွံ့ဖြိုးမှုတန်ဖိုးဟာ တကယ်တော့ “ရှိရဲ့လား” “လုပ်နိုင်ရဲ့လား” ဆိုတဲ့အခြေအနေ၊အနေအထားတွေနဲ့ များစွာပါတ်သက်ပါတယ်။ အသက်ရှင်သန်နေနိုင်မှုဆိုတဲ့ အချက်ကို ရဘို့ လူတယောက်ဟာ ဘွဲ့ရပေမဲ့ဆိုက်ကားနင်းနေရမယ်၊ ဆရာဝန်ကဈေးရောင်းနေရမယ်ဆိုတဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု မရှိနိုင်တော့ပါဘူး။ သူတပါးရဲ့အသုံးချခံလည်း ဖြစ်ဖို့နီးစပ်လှပါတယ်။ လတ်တလောခေါင်းပေါ်လောင်နေတဲ့မီးက စားဝတ်နေရေး အဓိကပါနေတဲ့ အသက်ရှင်သန်နေနိုင်မှု (အမှတ်စဉ် ၁)ပေါ့။ အဲဒီအတွက်ပေးဆပ်ရမှာ၊ အို ……ပေးဆပ်နေကြရတာလေ။ ပေးဆပ်နေကြရဘဝတွေ(အမှတ်စဉ် ၂) နဲ့လွတ်လပ်ခွင့်တွေ(အမှတ်စဉ် ၃)။ အဲဒီလို “ဖြစ်အောင်”  လုပ်တာဘယ်သူလည်းလို့မေးရတော့မှာပါဘဲ။ (#1) အတွင်းတာဝန်ရှိသူ နဲ့ (#2) အပြင်တာဝန်ရှိသူ   လို့ ရိုးရိုးလေး ၂မျိုးစဉ်းစားပါနော်။ (#1) က […]