တစ်ညလုံးမအိပ်လိုက်ရဘူး ဘယ်ဘက်ရင်ဘတ်ပေါ် တိမ်တွေပြိုကျနေလို့လေ။ အသဲပုံသကြားလုံးလေးတွေနဲ့ ကော်ဖီမစ်(စ်)နှစ်ထုပ်ရဲ့ရာဇဝင် ငါဟာ သမိုင်းမကျေခဲ့သူပါ ကလေးရဲ့။ ကိုယ်တစ်သက်လုံး ရင်အုပ်မကွာ စောင့်ရှောက်ပေးချင်မိတဲ့ သစ်ပင်ဟာ မင်းပဲကွဲ့။ ကလေးရေ ဘဝဟာ တစ်ခါတရံ မင်းထင်တာထက်ပိုပြီး ရက်စက်တတ်ပါတယ်။ ရိုးသားချင်ရင်ရိုးသားလိုက်… လူတော်ကြီးဖြစ်ချင်ရင်ဖြစ်လိုက်စမ်း… ဘာလုပ်ရမှန်းမသိရင် ဘာမှမလုပ်နဲ့ပေါ့။ ဒါပေမဲ့ အဖွဲ့အစည်းတွေနဲ့နေကြတဲ့ပတ်ဝန်းကျင်မှာ ပန်းပြားပင်ရဲ့အနုပညာကို မင်းလေ့လာရလိမ့်မယ်။ လေယူရာယိမ်းဖို့ မသင်ကြားချင်နေ မုန်တိုင်းတွေထဲမှာတော့ မင်းအသက်ရှင်ကျန်ရစ်ရမယ်ကွဲ့။ ကျေးဇူးပြုပြီး မနာကျင်လိုက်ပါနဲ့ကလေးရေ မင်းရဲ့ဝမ်းနည်းတဲ့မျက်လုံးတွေကိုကြည့်လိုက်ရင် တစ်ကမ္ဘာလုံးနဲ့ငါ စစ်တိုက်လိုက်ချင်လို့ပါ။ “ပြီးတော့လဲပြီးတာပါပဲ” ဆိုတဲ့ ဟိုစာရေးဆရာကြီးရဲ့စကားလိုပေါ့ တချိန်မှာပြီးခဲ့တာတွေက…အကုန်ပြီးသွားမှာပါ။ နာကျင်ခဲ့ရမှုတွေကိုပြုံးပြီးပြန်ကြည့်နိုင်တဲ့တစ်နေ့ မင်းမတွေ့ဘူးလို့ဘယ်သူပြောသလဲ။ ကလေးရေ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် မင်းမတွေးပါနဲ့ ကမ္ဘာဦးထဲက ဒီနေ့အထိ “အသက်ရှင်ကျန်ရစ်ခြင်း” ကသာ အမှန်တရားကွဲ့။ ကလေးရေ ဘယ်သူရှုံးတယ်၊ ဘယ်သူနိုင်တယ် မင်းမတွေးပါနဲ့ ဘယ်သူမှ […]