နွယ်ပင်June 6, 20111min1970
BG သွေးအကူအညီပေးရေးအဖွဲ့နဲ့ အတူတွေ့ရတဲ့ ဇေယျာသော် BG သွေးအကူညီပေးရေးမှ ၁၉ရက်(၆)လ၂၀၁၁တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့်မွေးနေ့အကြို သွေးလှူဒါန်းပွဲအား ၁၄.၆.၂၀၁၁မှ စတင်ပြီး စုပေါင်း သွေးလှူဒါန်းမည် ဖြစ်ပါသောကြောင့် ပူပေါင်းပါဝင်လိုသူများ၊ အကူအညီ ပေးလိုသူများအနေဖြင့် အောက်ပါ phone နံပါတ်များတွင် ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ အသက်ကယ် သွေးလှူဒါန်းလိုသူများ၊ အရေးတကြီး သွေးလိုအပ်သူများ ပူပေါင်းဆောင်ရွက်လိုသူများ ဆက်သွယ်ပါရန်။ ကိုညီညီ 0949328055၊ ဒေါ်သီတာ 01396476၊ ကိုလင်းထက် 0973125885၊ ကိုကောင်းထက်ကျော် 099927082 Posted by ဒီမိုဝေယံ


နွယ်ပင်June 2, 20111min2954
အမေ့အိမ်ပညာဒါနကျောင်း( လှိုင်သာယာ ) 2011 ခုနှစ် ပညာသင်နှစ်အတွက် အတန်းများကို1st June မှ စတင်၍ သင်ကြားပေးနေပါပြီး။ ယနေ ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၇) ယောက် လက်ခံထားပြီး ဆက်လက်၍လည်း လာရောက် အပ်နှံနေကြဆဲ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမအင်အား (၂၀) ယောက်နှင့် မနက်(ရး၃ဝ မှ ၉းဝ၀) ( ၉း၃ဝ မှ ၁၁းဝ၀) အထိ ညနေ( ၂းဝဝ မှ ၃း၃ဝ ) ( ၄းဝဝ မှ ၅း၃၀) (၅းဝဝ မှ ၆း၃ဝ ) တစ်နေ ့လျှင် ( ၅ )ကြိမ် အထက်က အချိန်ဇယားအတိုင်း […]