The Angry ManSeptember 3, 20111min17811
ဒီကိစ္စက ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးနဝမမြောက်နေ့မှာတင်ပြဆွေးနွေးဖြေကြားကြတာဗျ။ငါတို့ရခိုင်ပြည်နယ်မှာ တင်မဟုတ်ဘူးတနိုင်ငံလုံးသွေးနှောပြည်သူတွေအတွက်ရသင့်ရထိုက်တဲ့အသိအမှတ်ပြုနိုင်ငံသားကဒ်ရဖို့ဥပဒေ၊လုပ်ထုံးလုပ်နည်းတွေနဲ့အညီလုပ်နေပီဆိုပါလား။တဖက်နိုင်ငံက ဘဂါင်္လီတွေနဲ့ရောထွေးမှုတွေရှိနေတဲ့အတွက်အချိန်ယူစိစစ်နေပါတယ်တယ်တဲ့။အဲဒီမှာသွားတွေ့ရတာကဖြေသူကလဲဖြေတယ်၊မေးသူကလဲမေးတယ်ပေါ့ဗျာ။လွှတ်တော်ရဲ့ထုံးစံတော့ဘယ်ဖျက်လို့ရမလဲ။ ပြောချင်တာက အရင်ကဟိုဒီခရီးသွားမယ်ဆိုရင် ပုံစံ(၄)ယူရတယ်ပေါ့ဗျာ။ခုကနည်းဥပဒေနဲ့ညီတဲ့ နိုင်ငံသားကဒ်ပိုင်ဆိုင်သူများသွားလာခွင့်ပြုပါတယ်တဲ့။အကယ်၍လာဘ်စားမှုတွေရှိခဲ့ရင်အချိန်နေရာအပါအဝင်တိကျမှန်ကန်သည့်အထောက်အထားများဖြင့်တိုင်ကြားရမည်ဆိုပါလားဗျို့။ဘယ်ကိုတိုင်ရမလဲ။စဉ်းစားနေတယ်ဗျာ။ မပြီးသေးဘူးဗျ သူကဆက်သေးတယ်။လာဘ်ပေးလာဘ်ယူပြုလုပ်ပါကတိုင်ကြားနိုင်ကြောင်းကို (၁)လက်ကမ်းစာစောင်များသန်းနှင့်ချီ၍ဖြန့်ဝေအသိပေးခြင်း(မမြင်းဖူးသေးပါ) (၂)လူသိရှင်ကြားကွင်းဆင်းအသိပေးဟောပြောခြင်း(ဘယ်နားမှာပါလိမ့်) (၃)မြဝတီ၊မြန်မာ့အသံတို ့တွင်တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ပြီးတိုင်ကြားနိုင်သည့်တယ်လီဖုန်း၊ဖက်စ်များကိုတရားဝင်အသိပေးခြင်း(လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ မအားသေးပါ၊ဆက်သွယ်မှုဧရိယာပြင်ပ) (၄)ဂျာနယ်မဂ္ဂဇင်းများတွင်ဖော်ပြခြင်း(ခုထိတော့မပါသေးဘူး) (၅)ဌာနပိုင် website လွှင့်တင်ခြင်းဆိုပါလား။(ဝဘ်လိပ်စာမတွေ ့ပါ၊မဖော်ပြပါ) ကဲဗျာ ခများတို့စဉ်းစားကြည့်ကြပါ။နိုင်ငံတော်ရဲ ့လွှတ်တော်လိုနေရာမျိုးမှာ ဝဘ်ဆိုဒ်လိပ်စာတော့ပြောသင့်တယ်မဟုတ်လား။လိမ်တယ်ညာတယ်၊ယုံအောင်ပြောတတ်ပါပေတယ်ဗျို့ ဟားဟား::::::::::: ကဲခုပြောချင်တာက မန်းကဇက်မှာတွေ့နေရတဲ့သံတွဲသားအဖွဲ့တွေကိုသင်ပေးချင်လို့ဘဲဗျို့။ခုဘဲဝဘ်ဆိုဒ်လိပ်စာပေးလိုက်ပီလေ။တိုင်ကြပေရော့။သူဖတ်တာမဖတ်တာငါတော့မသိဘူး။ဖုန်းကိုင်တာမကိုင်တာ ငါသင်ပေးမယ့်ထဲမပါဘူး၊ဖက်စ်မအားတာငါမသိဘူး။ဟား::: ငါတို့မြို့ကရော၊ပြည်နယ်တခုလုံးက ဝန်ကြီးတွေ တင်ပြဆွေးနွေးတောင်းဆို၊ခများတို့တောင်းသမျှမလိုက်လျောရင်ရှိတဲ့ ဟာနဲ့တာကောက်ထုကွာ။ကြာတယ်။ တော်သေးပီ။ဆက်ရန်ရှိသေးသည်။ အမြင်မတော် မဟုတ်မမှန်တာ အကုန်ဒဲ့ဆော်ကုန်အောင်ပြောမည်။ကုန်စင်အောင်ဖော်ထုတ်မည်။ငါတို့ဆီမှာဘယ်သူတင်တင် မန်းကဇက်မှာအပိတ်ခံရအောင်ကိုအားမနာပဆော်ကြတာကိုတော့ ဘဝင်မကျဘူးကွ။နှလုံးအေးမယ့်ဆေးတော့ဖော်နေပီဗျို့။ဆေးအောင်မယ်မအောင်ဘူးတော့အာမ,မခံဘူးဗျို့။ လူမုန်းစစ်မုန်း(သံတွဲသားတွေ မတတ်တာကိုသင်ပေးမယ့်လူပါဗျ ဟား ဟား)