moonpoemSeptember 12, 20111min45248
ပြီးခဲ့တဲ့ စနေနေ ့ကပါ။ သူငယ်ချင်း ၃ယောက်နဲ ့ကျွန်မ ကြေးအိုးသောက်ဖို ့မြေနီကုန်းက YKKO ကိုထွက်ခဲ့ပါတယ်။ သူတို ့က ဝက်ကြေးအိုးဆီချက်ပွဲသေး၃ပွဲမှာပြီးတော့ ကျွန်မက ကြက်ကြေးအိုးအရည်နဲ ပွဲသေး ့၁ပွဲမှာပါတယ်။ ၅မိနစ်လောက်နေတော့ စားပွဲထိုးကောင်လေးပြန်ရောက်လာပြီး ကြက်ကြေးအိုးအရည်နဲ ့ မရနိုင်ကြောင်း ပြောတော့ ကျွန်မက ဒါဆိုလည်း ဆီချက်ပဲ လုပ်လိုက်ပါလို ့မှာလိုက်ပါတယ်။ တအောင့်လောက်နေတော့ ကြက်ကြေးအိုးဆီချက် ပွဲကြီး ၁ပွဲလာချပါတယ်။ ကျွန်မက ပွဲသေးပဲမှာတာကြောင့် မှားနေတယ်ဆိုတာရယ် ၄ပွဲလုံးကို မြန်မြန်ယူလာခဲ့ဖို ့ပြောလိုက်တယ်။ ပြီးတော့ သူငယ်ချင်းတွေစုံတာကြောင့် ရယ်လိုက်မောလိုက်နဲ ့ပေါ့။ အဲဒီအချိန်မှာ မှာထားတာ မိနစ်၂ဝလောက်ရှိနေပါပြီ။ ခဏနေတော့ မိသားစု လေးယောက်ဝင်လာပြီး ကျွန်မတို ့မှာတဲ့အတိုင်း မှာပါတယ်။ ကျွန်မတို ့စားပွဲဝိုင်းကို ဆားဗစ်ပေးတဲ့ကောင်လေးက လိုက်မှတ်ပြီး […]