unclegyi1974November 24, 20101min1636
တူမောင် ၁၂၃ ရေ ဦးကြီးစာရေးလိုက်ပါတယ် တူမောင်ရေးနေတဲ့စာတွေလဲ ဦးကြီးဖတ်နေရပါတယ် အခုတလော တူမောင်ရေးလိုက်တဲ့စာ ၂ ပုဒ်က ရွာထဲမှာအတော်ဆွေးနွေးလို့ကောင်းနေတာဘဲ တူမောင်ကိုဦးကြီးပြော တယ်မဟုတ်လား ကိုယ်လျှောက်တဲ့လမ်းတည့်အောင်လျှောက် ဘေးမရောက်စေနဲ့ အလုပ်တခုကိုစမိရင်တာဝန်ယူတတ်ပါစေ လို့ပြောထားတယ်မဟုတ်လား အခုတော့မင်းလုပ်ပုံမဟုတ်သေးဘူး ပထမစာမှာ ဒေါ်စုမိသားစုပုံ နဲ့ လက်ထပ်တဲ့ပုံတင်ပြီး အမျိုးဖျက် တယ် ဘာညာနဲ့ရေးပြီး သူများတွေကဝေဖန်ချက်တွေတင်လာမှ မင်းယုံကြည်ရာမင်းပြန်မချေပဘဲ ဒုတိယစာနဲ့ဝေဖန်သူတွေကဝိုင်းရန်တွေ့သလေ ကျွန်တော်နိုင်ငံရေး စိတ်မဝင်စားပါဘူး ဘာညာနဲ့ မင်းရေးတာတွေကရှေ့နဲ့နောက် မညီးဘူးဆိုတာသိရဲ့လားကွာ စာဆိုတာရမ်းမရေးရဘူးကွဲ့ ရေးချင်ရင်လဲမှတ်တမ်းမှတ်ရာတွေသေချာပြန်လေ့လာ နောက်မျက်မှောက်ဖြစ်နေတာတွေနဲ့ချိန်ထိုးကြည့် အခုတော့မင်းလုပ်ပုံကလူပြောစရာဖြစ်နေပြီ မြန်မာ့နိုင်ငံရေးကိုလဲမင်းဘယ်အပိုင်းကမှီလိုက်သလဲ ဖဆပလခေတ် ပြီးတော့အိမ်စောင့်အစိုးရခေတ် ပြီးတော့ တပါတီ စံနစ် နောက်၈၈ နောက်၉ဝရွေးကောက်ပွဲ အထိဘဲမင်းသေချာလေ့လာ ကြည့်ပါအုန်း စီးပွားရေး လူမှုရေး ပညာရေး မင်းနှိုင်းယှဉ်ကြည့် လိုက်ရင်အဖြေတခုရလာမှာပါ မင်းစာကိုဝိုင်းမန်းကြတဲ့သူတွေ ဘာဖြစ်လို့မင်းကိုဝိုင်းရေးကြတယ်ဆိုတာ မင်းကဒေါ်စုလူမျိုးခြားနဲ့လက်ထပ်တာကိုမကျေနပ်ဘူး […]