Ma MaAugust 15, 20151min418717
ပဒုမ္မာရဲ့ ဆွေမျိုးတော်ခွင့် ရရပါလို၏ဆိုတဲ့ပိုစ့်ကို ဖတ်ပြီး အတွေးပေါ်လာလို့။ ပဏ္ဍိတာရာမဆရာတော်ကြီးက သူ့ကျောင်းကို ရောက်လာတဲ့ ဘယ်သူကိုမဆို တရားအားထုတ်ဖို့ အမြဲတမ်း တိုက်တွန်းနှိုးဆော်လေ့ရှိပါတယ်။ အလှူဒါနနဲ့တင် အားရကျေနပ်မနေပဲ သံသရာက လွတ်မြောက်ရေးအတွက် လူ့ဘဝကိုရတုန်း၊ သာသာနာနဲ့တွေ့တုန်း ရခဲလှတဲ့ အခြေအနေတွေကို တန်ဖိုးထားတတ်အောင် ပြောဆိုဆုံးမလေ့ရှိပြီး သွေးသားဆွေမျိုးထက် ဓမ္မဆွေမျိုးတော်ချင်တယ်လို့ ပြောကြားလေ့ရှိပါတယ်။   ဆရာတော်က ဒကာ ဒကာမတွေကို လောကုတ္တရာအကျိုးရစေချင်တဲ့ ဆန္ဒအလွန်ကြီးမားပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ပဲ တရားအားထုတ်ပြီး ဓမ္မဆွေမျိုးတော်ချင်တယ်ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။   ဓမ္မဆွေမျိုးတော်တာနဲ့ ပတ်သက်ပြီး သဂျီးက   လယ်ဗယ်တူအလွှာထဲက…သူကိုအလိုလိုသိနားလည်သွားတယ်…. လို့ထင်မိတယ်..။ လို့ ဆိုပါတယ်။ အဲဒါကို မလတ်က ……….. ဘယ်လို အယူအဆ ဘယ်လို အမူအကျင့် ဖြစ်စေ ကိုယ်နဲ့ ပေါင်းသင်း ဆက်ဆံ […]