Kaung Kin PyarNovember 24, 20131min39063
ကောင်းကင်ပြာ တွံတေးမှာ ကလေးတွေကို အဝတ်အစားတွေ သွားလှူမယ် ပြောထားပြီး လချီ ကြာခဲ့ပါတယ်….။ ဒီကြားထဲ ကွန်နက်ရှင်မကောင်းတာနဲ့ မအားတာနဲ့ ခရီးသွားနေတာနဲ့ကြောင့်ပါ။ အကြောင်းပြတာတော့ မဟုတ်ပါဘူး..။ (အမှန်တော့ အကြောင်းပြတာပါ….. 😀 ) ဒီနေ့တော့ သွားလှူလို့ အဆင်ပြေမယ့်တစ်ရက်ကို ဦးမျိုးတို့ ဦးမတ်တို့နဲ့ တိုင်ပင်ပြီး Confirm Date အဖြစ် (8.12.2013) ရက်နေ့ကို ရွေးထားပါတယ်..။ သွားမှာကတော့ လှိုင်သာယာလမ်းကြောင်းကပါ။ ကားကိုတော့ ဦးမျိုုးတို့နားက Light Truck တစ်စီးငှားဖို့ စီစဉ်ထားပါတယ်..။ Light Truck ဆိုတော့ လူ ၁၅ယောက် ၂ဝ လောက် ဆန့်မှာပါ…။ ဒီထက်များမယ်ဆိုရင်လဲ နောက်ထပ်ကားတစ်စီး စီစဉ်လို့ အဆင်ပြေပါတယ်…။ လှည်းတန်းမှာ မနက် (၇)နာရီကို လူစုဖို့ စီစဉ်ထားပါတယ်..။ […]