Phaung PhaungJanuary 11, 20121min35534
ကိုယ်တွေ့တော့မဟုတ်ပါဘူး …ကိုယ်တိုင်ကတော့ အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်မှာပဲ တရားစခန်းဝင်ဖူးပါတယ်……. အခုက အခြားနာမည်ကြီးတရားစခန်းတစ်ခုပါ…အဲဒီမှာ နှစ်စဉ်ဝင်ဖြစ်တဲ့ ကောင်မလေးတစ်ယောက်ပြောပြလို့သိရတာပါ… အဖြစ်ကဒီလို…. ယောဂီတွေတည်းတဲ့ ဇရပ်တွေမှာ မကျွတ်မလွတ်သေးတဲ့ ပရလောကသားတွေအကြောင်းပါ.. ဇရပ်တစ်ခုမှာ သားအမိ(2)ဦး နဲ့ သမီးရဲ့သူငယ်ချင်း(2)ဦး ပေါင်းလေးဦး စုနေကြတယ် ..စဝင်ပြီး နောက်တနေ့ညမှာ ညဘက်အဆောင်တခါးရဲ့အတွင်းဂျက်ကို အပြင်ကလက်ချောင်းအရှည်ကြီးတွေနဲ့ဖွင့်နေတာ …ဂလောက်၊ ဂလောက်.. နဲ့အကုန်လုံးကြားရတယ်တဲ့ ။ ဒါပေမယ့် ကလေးမလေး 3 ဦးကမမြင်ရပေမယ့် အဒေါ်ကြီးတစ်ယောက်ထဲမြင်နေရတယ်တဲ့ … အဲလိုဖွင့်နေရင်းနဲ့ တံခါးပွင့်သွားပြီး မိန်းမကြီးတစ်ယောက် လမ်းလဲမလျှောက်နိုင်ပဲဖင်တရွတ်တိုက်ဆွဲပြီး ဝင်လာတယ် ။ ခေါင်းမှာလဲ ဆံထုံးကြီးကအကြီးကြီးပဲတဲ့ .. သူကအဒေါ်ကြီးဆီတန်းသွားပြီး လက်အရှည်ကြီးတွေနဲ့ လည်ပင်းညှစ်မလို့ ဒေါကြီးမောကြီးနဲ့လာတာတဲ့ ……. အဒေါ်ကြီးလဲ ကြောက်အားလန့်အားနဲ့ ငါ့ကိုလည်ပင်းညှစ်နေပြီ လုပ်ပါဦးနဲ့ အော်တော့ .. ဘေးကကလေးမတွေကလည်း ဘာမှလည်းမမြင်ရတော့ […]