အခုဆိုရင်ထိုင်းနိုင်ငံရေကြီးမှု ့သည်လနင့်ချီခဲ ့ပြီဖြစ်သည်။ ဘန်ကောက်မြို့နားတဝိုက်ရှိ ပထုံဌာနီ၊ နွံထပူရီ၊ ချွန်ပူရီ၊ အယုဒ္ဓယဒေသမှာ ရေမြုပ်နေသည့်အတွက် လနှင့် ချီပြီး ပိတ်ထားရသည့် စက်ရုံများတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအချို ့တို ့ သည်အလုပ်လက်မဲ ့ဖြစ်နေကြရပြီး နေရပ်သို့ ပြန်ပြောင်းနေထိုင်ကြနေရပြီပင်ဖြစ်သည်။ ပထုံဌာနီတွင် အလုပ်လုပ်နေကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ရေဘေးကြုံတွေ့နေရပြီး၊ ရေစကြီးစဉ်က စက်ရုံမှ နေထိုင်ရန် စီစဉ်ပေးခြင်းမှလွဲ၍ မည်သည့်အကူအညီမှမရရှိပဲ စားသောက်ရေးနှင့် သွားလာရေးအတွက် ကိုယ့်အစီအစဉ်နှင့်ကိုယ် ရုန်းကန်နေရကြောင်း အလုပ်သမားများက ပြောသည်။ သို့သော် ပြီးခဲ့သည့် ရက်သတ္တပတ်ကစပြီး အစားအသောက်၊ ရေ၊ အစရှိသည့် အကူအညီများ ရရှိနေပြီးဖြစ်ကြောင်းလည်း သိရသည်။ ရေလွှမ်းမိုးခံနေရသည့်ဒေသများအနက် အယုဒ္ဒယ၊ ပထုံဌာနီ၊ ချိုင်နက်နှင့် နက်ခွန်စဝန်ဒေသများတွင် ရေကြီးမှုဒဏ်ကိုအပြင်းထန်ဆုံးခံနေရသည်။ နှစ်လကျော်ကြာ မိုးဆက်တိုက်ရွာပြီး […]