တခါတုန်းက ကောင်လေးတယောက် မွေးဖွားလာရာ သူ့မိဘတွေက သူ့ကို “မောင်ထူးဆန်း”ဟု နာမည်ပေးသည်။ ထိုသူငယ် ကျောင်းစ,နေသောအခါ အတန်းဖော် သူငယ်ချင်းများက သူ့နာမည်ကို စကြ, နောက်ကြ, လှောင်ကြ, ပြောင်ကြသည်။ သို့သော် သူက အပြုံးမပျက်၊ ရင်ကော့ပြီး ဘာမှမဖြစ်သလိုဘဲနေသည်။ သို့ဖြင့် ကောင်လေး အရွယ်ရောက်လာပြီး အောင်မြင်ကြီးပွားသော ရှေ့နေတယောက် ဖြစ်လာခဲ့သည်။သို့သော်လည်း လူတွေကသူ့နာမည်နဲ့ပတ်သက်ပြီး စတုန်း၊ နောက်တုန်းပင်။ နောက် အသက်အရွယ်တဖြည်းဖြည်း အိုမင်းလာရာ အဘိုးကြီး” ဦးထူးဆန်း”က သူ့မိသားစုအား ငါ့နာမည်နဲ့ပတ်သက်ပြီး ငါ့ဘဝတလျှောက်လုံးမှာ အလှောင်ခံခဲ့ရ၊ အစအနောက် ခံခဲ့ရတယ်။ ငါသေလွန်ပြီးတဲ့နောက်မှာတော့ ငါ အလှောင်အပြောင် မခံချင်တော့ဘူး။ ဒါကြောင့် ငါသေပြီးလို့ ဂူသွင်းရင် ကမ္ဗည်းတိုင်မှာ ဘာနာမည်မှ မရေးကြပါနဲ့-ဟု မှာကြားခဲ့သည်။မကြာမီ သူ-သေဆုံးသွားခဲ့သည်။ မိသားစုက သူ၏မှာကြားချက်အတိုင်း […]