နာမည်က စံထူး … ။ စံထူးဆိုလျှင် ရွာထဲမှာမက ရွာနီးချုပ်စပ်ကပါ မသိသူမရှိ။ ကလေးကအစ ခွေးအဆုံး အကုန်လုံး သိသည်။ သတ္တိကောင်းတဲ့ နေရာမှာ နှစ်ယောက် မရှိသလို၊ အရက်သောက်တဲ့ နေရာမှာလည်း စံပြဖြစ်သည်။ ဒါပေမယ့် အရက် တစ်ခွက်၊ နှစ်ယောက်လောက် အာခေါင်စွတ်ရုံနဲ့ တစ်ရွာလုံးကို မိုက်ကြေးခွဲတတ်တဲ့ အရက်သမား အညံ့စားတွေထဲမှာ စံထူး မပါ။ သူက လိုအပ်မှ ရမ်းတတ်သည်။ သို့မဟုတ်လျှင်တော့ စံထူး မူးပြီး မှောက်နေရင်တောင် အဲဒီ မှောက်တဲ့ နေရာမှာပဲ အိပ်မည်။ အော်ကြီးဟစ်ကျယ် မလုပ်။ ဒါသည် စံထူး၏ ထူးခြားချက်ပင်။ သူ၏ သောက်ဖော် သောက်ဖက်က အောင်ဋ္ဌေး။ သူကလည်း ခေသူမဟုတ်။ သူတို့ နှစ်ယောက်က ကိုယ့်ရွာမှာ […]


လွန်ခဲ့သည့် အနှစ် (၂၀) ကျော်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခု ဖြစ်ပါသည်။ မြန်မာပြည် အလယ်ပိုင်း ရေနံချောင်းမြို့နယ်ထဲက ကျေးရွာလေးတစ်ခုတွင် မခင်ကြည် ဆိုသည့် အမျိုးသမီး တစ်ဦး ရှိခဲ့ဖူးလေသည်။ (အခုထိလည်း သက်ရှိထင်ရှား ရှိဆဲဖြစ်သည်။ သို့ရာတွင် ၎င်းကျေးရွာမှ မြို့ကို ပြောင်းခဲ့ရွှေ့ သွားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။) ထိုအမျိုးသမီး၏ ယောက်ျားဖြစ်သူမှာ ကိုအောင်မော် ဟူ၍ ဖြစ်လေသည်။ ၎င်းတို့၏ အိမ်ထောင်သက်တမ်း ၂ နှစ်အကြာတွင် ပထမဆုံး သား ရတနာ တစ်ဦးကို မွေးဖွားခဲ့သည်။ နောက်ထပ် ၃ နှစ်ခန့်အကြာ၊ ၎င်းတို့၏ အိမ်ထောင်သက် ၅ နှစ်ခန့် အကြာတွင်မူ မခင်ကြည်မှာ ထူးခြားသည့် ကိုယ်ဝန်ကို စတင် လွယ်ထားခဲ့ရသည်။ ထိုကိုယ်ဝန် တဖြည်းဖြည်း ရင့်မှည့်လာသည်နှင့်အမျှ […]


ကျွန်တော်တို့ ရွာဘက်တွေမှာ ပဲနဲ့ နှမ်းကို အဓိက စိုက်ပျိုးကြပါတယ်။ သဲမြေတွေပေါ်မှာ စိုက်ကြရတာပါ။ ပဲတွေ၊ နှမ်းတွေ ရင့်မှည့်ချိန်မှာ ရွာထဲက အိမ်ကို သယ်ဆောင် မလာသေးဘဲနဲ့ ယာခင်းထဲမှာပဲ ခဏ ထားကြပါတယ်။ ပဲ ဆိုရင် ပဲပင်တွေကို နုတ်ပြီး ပဲသီးကို ခြောက်အောင် ထားကြရပါတယ်။ နှမ်းဆိုရင် နှမ်းပင်တွေကို နုတ်ပြီး ခြောက်သွားအောင် ထောင်ထားကြပါတယ်။ အဲဒီလို အပင်တွေနုတ်ပြီး ယာခင်းထဲ ထားတဲ့ ရက်ပိုင်းမှာ သူခိုးတွေရဲ့ရန်က ကာကွယ်ဖို့ တဲကလေးထိုးပြီး ယာခင်းထဲမှာ သွားစောင့်ကြရပါတယ်။ ညနေခင်း ရောက်ပြီဆိုရင် အိမ်ကနေ ထမင်းနဲ့ စောင်ထုပ်ဆွဲပြီး ယာခင်း စောင့်ဖို့ သွားကြရတယ်။ ယာခင်းမှာ ညအိပ်စောင့်ပြီး မနက်ခင်းကြမှ ရွာကို ပြန်လာလေ့ရှိကြပါတယ်။ ကျွန်တော်လည်း အဖေနဲ့အတူ […]