TTNUOctober 31, 20111min1436
Best Teacher (20) ကံ့ကော်မြေမှ ထနောင်းတောသို့ ၂၂.၄.၁၉၇ဝ (ဗုဒ္ဓဟူးနေ့) သင်ကြားရေး အားဖြည့်မောင်းတင်ရန် ကျမတို့ နေ့ သင်တန်းများ စတင်ကြပါတယ်။ ည သင်တန်းသင်တဲ့နေရာက နေပူတာမို့ ရွာအနောက်ဖျား မယ်ဇယ်ပင်ကြီး အရိပ်မှာစာသင် ဖြစ်ကြပါတယ်။ ညသင်တန်းမှာ  မအားဘူး မတက်နှိုုင်ဘူး လို့ ငြင်းဆန်နေတဲ့ သူတွေ နေ့သင်တန်းလုပ်ပေး တော့ တစ်ချို ့ ဝမ်းသာ၊ တစ်ချို ့ မကြည်မလင်။  ဒီ မကြည်လင် အုပ်စုထဲမှာ ( ကို မြိုင်) ဆိုတဲ့ မြင်းလှည်းဆရာတစ်ယောက် ပါလာပါတယ်။ သူက ရွာ လူကြီးတွေနဲ့ မတည့်သူဆိုတော့ ဒီလူကြီးတွေစီမံတဲ့ ဘာကိစ္စ မဆို သဘောမတူပါဘူး။ ပြီတော့ တကယ်လည်း စာမဖတ်တတ် ပါဘူး။  […]