ယနေ့ကျနော်တို့နိုင်ငံတွင် လတ်တလော အရေးအကြီးဆုံး ကိစ္စမှာ ကျနော်တို့၏ တိုင်းရင်းသားများ ထဲမှ တစ်မျိုးဖြစ်သော ရခိုင်တိုင်းရင်းသားတို့ ရင်ဆိုင်နေရသည့် အရေးပင်ဖြစ်ပါသည် ရခိုင်တိုင်းရင်းသားတို့သည် ကျနော်တို့နိုင်ငံ၏ အနောက်ဖက်ရှိ လူအင်အားကြီး နိုင်ငံ များနှင့် ဆက်စပ် တည်ရှိသဖြင့် ကျနော်တို့နိုင်ငံအတွက် အနောက်ဖက်တံတိုင်းကြီးလည်းဖြစ်သည်ဟု ယူဆနိုင်ပါသည် ထိုတံတိုင်းကြီးကို ခွေးတိုးပေါက်ဖြစ်အောင် ဖွင့်ပေးခဲ့သည့် အကျင့်ပျက်ဝန်ထမ်းတစ်ချို့ကြောင့် လူမျိုးခြား များ ဝင်လာနိုင်ခဲ့သည်. သို့သော် ဧည့်သည်က ဧည့်သည်လိုမနေ အကျင့်ပျက်အိမ်ရှင်တစ်ချို့ နှင့်ပူးပေါင်းကာ အိမ်ရှင်ကို မာန်ဖီလာခဲ့သည် မြန်မာတိုင်းရင်းသား တို့က ကိုယ့်မြေကိုယ့်ရေမှာနေပီး အချင်းချင်း ဧည့်စာရင်းတိုင် ဧည့်စာရင်းစစ် လုပ်နေချိန် တွင် ကိုယ့်တိုင်းရင်းသားမဟုတ်သည့် လူမျိုးခြား တို့က အကွက်ချစီစဉ် ၍ ကိုယ့်မြေကိုယ့်ရေ ပေါ် အခန့်သားတက်နေ နေကြတော့၏ ထိုအခြေအနေမှာ ဆယ်စုနှစ်ပေါင်း […]